Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိလာတဲ့ အမျိုးသမီး အဆိုရှင်တစ်ဦး ဖြစ်တဲ့ ဘီလီလမင်းအေးဟာ ခရစ်စမတ်ညလေးကို တောင်ငူမြို့မှာ ကလေး၊ လူငယ်၊ လူကြီးတွေနဲ့အတူ မိတ်သဟာယဖွဲ့ရင်းနဲ့ ဘုရားကျောင်းတွေမှာ ဖြတ်သန်းဖြစ်ခဲ့ပါတယ်လို့ သူရဲ့ ဖေစ့်ဘုတ်မှာ ပြောထားပါတယ်။ အတူတူ လာရောက်အားဖြည့်ပေးကြတဲ့ ညီအစ်ကို မောင်နှမတွေကိုလည်း ကျေးဇူးတင်ကြောင်းပြောရင်း ခရစ်စမတ်နေ့က ဓါတ်ပုံလေးတွေကို သူရဲ့ ဖေစ်ဘုတ်မှာတင်ထားပါတယ်။

Source: Billy La Min Aye