ဘီလီလမင်းအေး ကတော့ Myanmar Idol Season (2)ရဲ့ 1st Runner up ဆုရှင်ပါ။ အဆိုပြိုင်ပွဲကနေ ဂီတ နယ် ပယ်ထဲကို ၀င်ရောက်လာတဲ့ သူမကတော့ အခုဆိုရင် အားပေးတဲ့ ပရိသတ် အခိုင်အမာရှိနေတဲ့ အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်နေပါပြီ။ အဆိုပြိုင်ပွဲဝင်စဉ် ကာလတည်းက ညီမလေးရဲ့ အကြောင်းတွေကို  မကြာခဏ ပြောပြ တတ်သူဖြစ်ပြီး ညီမလေးအပေါ် အရမ်းကို ချစ်တဲ့ အစ်မတစ်ယောက်ပါ။ ပြီးခဲ့တဲ့ရက်က တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထွက်ခဲ့ပါတယ်။ ဘီလီလမင်းအေးရဲ့ ညီမလေးကတော့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပါတယ်။

ဂုဏ်ထူး(၄)ဘာသာနဲ့ အောင်မြင်ခဲ့တာပါ။ ညီမလေးအတွက် ၀မ်းမြောက် ဂုဏ်ယူနေတဲ့ ဘီလီလမင်းအေးက သူမရဲ့ fb မှာ Post တစ်ခု တင်ခဲ့ပါတယ်။

“Thank You Jesus .
ကျွန်မရဲ့အချစ်ဆုံးလေး 4D နဲ့ အောင်ပါတယ်ရှင့်။
ချစ်တယ်ညီမလေးရေ။စိတ်ဓာတ်မကျရဘူးမငိုရဘူး။ မဖူးဘေးမှာရှိမယ်။ အမြဲရှိမယ်။ အတူတူကြိုးစားကြမယ်နော်။
အားလုံးစိတ်ပူပေးကြတယ်။ချစ်ပေးကြပြီး အစစအရာရာ စိတ်ပူပေးကြတဲ့ အတွက်ကျေးဇူးအများကြီးတင်တယ်။ ယနေ့ အောင်မြင်မှုရရှိတဲ့မောင်နှမတွေအားလုံးကောCongratulation ပါနော်။ ချေချော်လက်ချော်ဖြစ်ခဲ့တဲ့မောင်နှမတွေလည်း Fighting ကြိုးစားကြမယ်။

လှေကားထစ်ဆိုတာအများကြီးဘာလောကမှာလည်းဒီလိုဘဲကြိုးစားနေရင်းခြေချော်လက်ချော်ဖြစ်ရင် လက်မလျော့ဘဲကို့အားနဲ့ ပြန်တက်ရင် အချိန်တန်ရင် ထိပ်ကိုရောက်ရစမြဲပါ။ လူ့ဘ၀မှာအသက်ရှင်နေသမျှဒီလှေကားထစ်တွေကိုတော့တက်နေရဦးမှာဘဲ။ ကြိုးစားကြပါ။ တနေ့ မျှော်လင့်ထားတဲ့ ပန်းတိုင်ကိုရောက်ကိုရောက်မှာပါ။ အိုကေနော့။ အားလုံး ဘဲကြိုးစားကြမယ်။ ဖူးလည်းကြိုးစားမယ် မောင်နှမတွေလည်းကြိုးစားကြမယ် ။ ချစ်တယ်အားလုံး….” ဆိုပြီး ညီမလေးနဲ့ သူမနဲ့ အတူ တွဲ ရိုက်ထားတဲ့ ပုံလေးနဲ့ အတူ တင်ခဲ့တာပါ။

from ဘီလီလမင်းအေး