BIGBANGအဖွဲ့ဝင်ဖြစ်တဲ့  T.O.Pကတော့ သူရဲ့ စစ်မှုထမ်းရက် နောက်ဆုံးရက်ဖြစ်တဲ့ ဇူလိုင်လ ၇ ရက်နေ့မှာတော့ ပရိသတ်တွေနဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ T.O.P ရဲ့ စစ်မှုထမ်းပြီးဆုံးတဲ့ နောက်ဆုံးရက်မှာတော့ ပရိသတ်တွေ အများကြီး လာရောက်စောင့်ဆိုင်းခဲ့ကြတာဖြစ်ပါတယ်။ T.O.P ကတော့ သူရဲ့ ပရိသတ်တွေ တစ်ယောက်ချင်းစီနဲ့ ရင်းရင်းနှီးနှီး စကားပြောပြီး လက်ဆွဲနှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

choi_seung_hyun_tttop instagram
choi_seung_hyun_tttop instagram
choi_seung_hyun_tttop instagram

T.O.P ကတော့ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ဓါတ်ပုံတွေကိုလည်း သူရဲ့ အင်စတာဂရမ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင်”ကျွန်တော်က ဂုဏ်ယူစရာမကောင်းပေမဲ့လည်း ဒီလိုအချိန်ကို အချိန်ပေးပြီး ကျွန်တော်နဲ့အတူ မျှဝေပေးတဲ့ ပရိသတ်တွေအကုန်လုံးကို အရမ်းကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ပြီး မင်းတို့တွေကို နာကျင်စေခဲ့ စိတ်ပျက်စေခဲ့တာတွေအတွက် ပြန်ပြီး ပေးဆပ်ပါမယ်။ ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ်။ ” လို့လည်း သူရဲ့ အင်စတာရမ်ပေါ်မှာ စာရေးသားခဲ့တာဖြစ်ပါတယ်။

choi_seung_hyun_tttop instagram
choi_seung_hyun_tttop instagram
choi_seung_hyun_tttop instagram

T.O.Pကတော့ သူ့ဆီကို လာခဲ့ကြတဲ့ ပရိသတ်တွေတိုင်းကို “အရမ်းအားနာပြီး ကျေးဇူးလည်းတင်ပါတယ်”လို့ရေးသားထားတဲ့ ပိုစ့်ကဒ်လေးတွေကိုလည်း လက်ဆောင်ပေးခဲ့ပါတယ်။

choi_seung_hyun_tttop instagram
choi_seung_hyun_tttop instagram
choi_seung_hyun_tttop instagram

Source: Soompi