Bigbang အဖွဲ့ဝင်G-Dragonကတော့ စစ်တပ်ထဲမှာ ထူးချွန်တဲ့အတွက်ကြောင့် စစ်သားတွေကို ညွှန်ကြားရတဲ့ ညွှန်ကြားချက်လက်ထောက်တစ်ယောက်အဖြစ် ခန်အပ်ခြင်းခံလိုက်ရပါပြီ။

G-Dragonကတော့ စစ်ရေးဆိုင်ရာလေ့ကျင့်မှုတွေကိုပြီးဆုံးသွားပြီ ဖြစ်ပြီး တတိယခြေလျင်ဌာနခွဲမှာ စစ်ရေးညွှန်ကြားချက်လက်ထောက်အဖြစ် စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေပြီဖြစ်ပါတယ်။ စစ်ရေးညွှန်ကြားချက် လက်ထောက်အဖြစ် ရွေးချယ်ခံရတာကတော့ စစ်မှုထမ်းတဲ့ နိုင်ငံသားတစ်ယောက်အတွက် ဂုဏ်ယူစရာကိစ္စတစ်ခုဖြစ်ပါတယ်။

ကိုယ်ခန္ဓာကြံ့ခိုင်ဖို့သာမက စိတ်ပိုင်းဆိုင်ရာလည်း ကြံခိုင်တဲ့ သူတစ်ယောက်ဖြစ်မှသာ စစ်ရေးညွှန်ကြားချက်လက်ထောက်ဆိုတဲ့ ရာထူးကို ရနိုင်တာဖြစ်ပါတယ်။

G-Dragonကတော့ ဖေဖေါ်ဝါရီ (၂၇)ရက်နေ့မှာ စစ်မှုထမ်းတာဝန်ကို  စတင်ခဲ့တာဖြစ်ပြီး (၂၀၁၉)ခုနှစ် နိုဝင်ဘာ (၂၆)ရက်နေ့မှာတော့ စစ်မှုထမ်းတာဝန်တွေပြီးဆုံးမှာဖြစ်ပါတယ်။

Source: Kstarlive