Big Hit Entertainment ကနေပွဲထုတ်ခဲ့တဲ့ Kpop group leader တိုင်းမှာ ထူးဆန်းစွာပဲ တူညီတဲ့ အရာတစ်ခု ရှိလို့နေပါတယ်နော်။ အဖွဲ့ရဲ့ leader တိုင်းက ထူးခြားပြီး အရည်အချင်းရှိကြတဲ့ သူတွေဖြစ်တာမို့ သူတို့ရဲ့ အဖွဲ့တွေကို သေချာထိန်းပေးနိုင်စွမ်း ရှိကြပါတယ်။ ဒီသတင်းကို koreaboo က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

မကြာသေးခင်ကလည်း Big Hit Entertainment ကနေပြီးတော့ မကြာခင် ပွဲဦးထွက်လာမယ့် kpop boy group ENHYPEN အဖွဲ့ရဲ့ leader Jungwon နဲ့ မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသတင်းက ပရိတ်သတ်တွေကို အရမ်းစိတ်လှုပ်ရှားခဲ့ရပြီး မကြာခင် ပွဲဦးထွက်လာမယ့် အဖွဲ့အတွက် ကြိုတင်ရင်ခုန်နေကြပါပြီ။

 

 

View this post on Instagram

 

A post shared by BTS RM | 알엠 (@bts.rm)

အဖွဲ့အသစ်ရဲ့ ခေါင်းဆောင်ကို ကြေညာပြီးနောက်မှာတော့ ပရိတ်သတ်တွေက Big Hit Entertainment ကနေ ပွဲထွက်ခဲ့တဲ့ kpop boy group leader တိုင်းရဲ့ ထူးခြားမှုတစ်ခုကို သတိထားမိသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ Reddit ပေါ်မှာတော့ အဖွဲ့ခေါင်းဆောင်တိုင်းရဲ့ ထူးခြားမှုကို ခုလိုရေးသားထားကြပါတယ် “Enhypen ရဲ့ အဖွဲ့ခေါင်းဆောင်ကို ကြေညာပေးလိုက်ပါပြီ ဒါကို မင်းတို့ဘယ်လိုထင်ကြလဲ သူ့မှာလည်း ပါးချိုင့်လေးတွေ ပါတယ်” ဆိုပြီးတော့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

 

ပရိတ်သတ်တွေ သတိထားမိသလိုပဲ Big Hit Entertainment ရဲ့ kpop boy group leader တိုင်းမှာ ပါးချိုင့်လေးတွေ ပိုင်ဆိုင်ထားကြတာပါ။ ‌နောက်ပြီး BTS ရဲ့ leader RM နဲ့ TXT leader Soobin တို့မှာလည်း ထင်ရှားတဲ့ ပါးချိုင့်လေးတွေ ပါရှိကြပါတယ်။

ig/@kimjonghyun.sg,@seventeen.coups

ဒါတွေအပြင် Big Hit Entertainment ရဲ့ လက်အောက်ခံ အေဂျင်စီတွေဖြစ်တဲ့ Pledis Entertainment နဲ့ Source Music ရဲ့ leader တွေဖြစ်ကြတဲ့ SEVENTEEN ရဲ့ S.Coups နဲ့ NU’EST ရဲ့ JR တို့မှာလည်း ထူးခြားစွာပဲ ပါးချိုင့်လေးတွေ ပါနေတာကို တွေ့ရမှာပါ။ JR မှာက နှုတ်ခမ်းရဲ့ အောက်နားလေးမှာ အချိုင့်လေးပါနေတာပါနော်။

Khin