Big Hit Entertainment’s Global ရဲ့ CEO ဖြစ်တဲ့ Yoon Seok Joon က BTS နဲ့ ပတ်သက်တဲပြီး သူ့ရဲ့အတွေးအမြင်တစ်ချို့ကို ပြောပြပေးခဲ့ပါတယ်။ November 2 ရက်နေ့မှာတော့ Harvard Business School ကနေပြီး ပြုလုပ်တဲ့ online lecture ‘Entertainment, Media, and Sports Business’ မှာ Yoon Seok Joon က ဧည့်သည်အဖြစ် ဖိတ်ကြားခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

ဒီဟောပြောပွဲမှာ BTS အောင်မြင်ရတဲ့ အကြောင်းအရင်းတွေနဲ့ Big Hit Entertainment ရဲ့ အခြေခံစီးပွါးရေး အပိုင်းတွေနဲ့ သက်ဆိုင်တဲ့ တကယ့်အတွေ့အကြုံတွေ၊ ဈေးကွက်ကျွမ်းကျင်မှုတွေကို ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။

 

ဒီဟောပြောပွဲကို ကျောင်းသားပေါင်း 160 ကျော် တက်ရောက်ခဲ့ကြပြီး Big Hit Entertainment ကနေ နောက်ထပ် BTS လိုမျိုး တကယ့်ကို ထူးချွန်အောင်မြင်တဲ့ kpop အဖွဲ့တွေ ထပ်ထွက်ဖို့ရှိလားဆိုတဲ့မေးခွန်းကို Yoon Seok Joon က ဖြေကြားခဲ့ပါတယ်။ CEO က “ ရိုးရိုးသားသားပြောရရင်တော့ BTS လိုမျိုး တူညီတဲ့ အသစ်တစ်ခုဖန်တီးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ဒါကြောင့် ‘Second BTS’ ဆိုတာလည်း ရှိလာနိုင်မှာ မဟုတ်ပါဘူး” လို့ ဖြေကြားပေးခဲ့ပါတယ်။

 

သူက ဆက်လက်ပြီး “ ကျွန်တော်တို့ လက်ရှိမျိုးဆက်သစ်တွေ လိုချင်တဲ့ ပုံစံမျိုးဖြစ်အောင် ပိုပြီး အာရုံစိုက်လုပ်ဆောင်နေပါတယ် အခုကနေ နောက်ဆယ်နှစ်အတွင်း စိတ်ကျေနပ်မှုရှိစေမယ့် အသစ်အသစ်သော အရာတွေ၊ ဝန်ဆောင်မှုတွေနဲ့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ” လို့ ပြောသွားခဲ့ပါတယ်။

 


နောက်ဆုံးမှာ Yoon Seok Joon က ARMY တွေအတွက် “သူတို့တွေက တစ်ခြားသော အနုပညာရှင်တွေမှာ မတွေ့နိုင်တဲ့ တကယ့်ကို စစ်မှန်တဲ့ ထူးခြားမှုတွေပိုင်ဆိုင်ထားကြတာပါ” ဆိုပြီး ဖြေကြားသွားခဲ့ပါတယ်။

Khin