ဇန်နဝါရီလ ၁၀ရက်နေ့မှာတော့ ၃၂ ကြိမ်မြောက် Golden Disc Awards ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲရဲ့ red carpet ကတော့  တကယ့်ကို အလန်းစားဖက်ရှင်တွေကို အရမ်းကို မိုက်ခဲ့ပါတယ်။ ဒီပွဲကို တက်ရောက်လာကြတဲ့ အမိုက်စား အနုပညာရှင်တွေထဲကမှ ပရိသတ်တွေ သတိအထားမိဆုံးဖြစ်ခဲ့တဲ့ အနုပညာရှင်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

1.BTS

သူတို့အဖွဲ့ရဲ့ ရိုးရှင်းပြီး စတိုင်ကျတဲ့ ဖက်ရှင်ကို ပိုပြီး ထင်းသွားစေတာကတော့ တောက်ပြောင်နေတဲ့ ရှုးဖိနပ်တွေပါ။

2.Lee Seung Gi and Lee Sung Kyung

Lee Seung Gi ကတော့ အမဲရောင်အင်္ကျီပေါ်မှာ ငွေရောင်နှင်းပွင့်ချပ်ကြီးကို တင်ထားတာက သူရဲ့ အမဲရောင်ဖက်ရှင်ကို တောက်ပသွားစေတာပါ။ Lee Sung Kyungကတော့ ပုလဲရောင်ဝတ်စုံကို ၀တ်ဆင်လာပြီး ၀တ်စုံပေါ်က တောက်ပနေတဲ့ စိန်ပွင့်လေးတွေက Lee Sung Kyungရဲ့ အလှကို ပိုပြီးတော့ ပေါ်လွင်စေပါတယ်။

3.Wanna One

သူတို့ကတော့ အနောက်တိုင်းဝတ်စုံကိုမှာ မတူညီတဲ့ ကုတ်စတိုင်ကို တစ်ယောက်တစ်မျိုးစီဝတ်ပြီး Red carpet ကို လာခဲ့ပါတယ်။

4.Yeo Jin Goo

သူကတော့ အပြာရောင် ဂျက်ကတ်လေးဝတ်ပြီး ချစ်စရာကောင်းတဲ့ လည်စီးလေးကိုလည်း စည်းထားပါသေးတယ်။

5.IU

IU ကတော့ ကာတွန်းစာအုပ်ထဲက ဇာတ်ကောင်လေးအတိုင်းပါပဲ။ အဖြူရောင် အင်္ကျီလေးနဲ့ အရုပ်မလေးအတိုင်းပါပဲ။ နှုတ်ခမ်းနီနီလေးနဲ့နားစွဲအရောင်တောက်တောက်လေးကတော့ IU ရဲ့ အလှကို ပိုပြီး ပေါ်လွင်စေပါတယ်။

6.TWICE

သူတို့အဖွဲ့ကတော့ အဖြူ၊အမဲ၊ မီးခိုးရောင်တို့ကို တွဲဖက်ဝတ်ဆင်လာကြပြီး ကုတ်အင်္ကျီလေးတွေကိုလည်း ၀တ်ထားကြပါသေးတယ်။အရောင်ကွဲလေးတွေဝတ်ဆင်ထားတာက သူတို့ရဲ့ စတိုင်ကို ပိုပြီးပေါ်လွင်စေပါတယ်။

7.Red Velvet

သူတို့ကတော့ ကတ္တီပါသားနဲ့ချုပ်ထားတဲ့ ၀တ်စုံလေးတွေကို ၀တ်ဆင်လာကြပြီး လူတိုင်းငေးကြည့်လောက်အောင်ကို လှကြတာပါ။

Source: Koreaboo