Bella Ranee ကတော့ ထိုင်းနိုင်ငံမှာရော မြန်မာပရိသတ်တွေကြားမှာပါ ရေပန်းစားနေတဲ့ ထိုင်း မင်းသမီးချောလေး ပါ။သူမကတော့ သစ္စာရှင်ဇနီး သည် (Faithful and Bel oved Wife) ဆိုတဲ့ ဒရမ်မာ ဇာတ်လမ်းတွဲနဲ့ မြန်မာပရိ သတ်တွေကြားမှာ ရေပန်းစားခဲ့တာပါ။အမျိုးသားပရိသတ်တွေရဲ့ အားပေးမှု သာမက အမျိုးသမီးပရိသတ်တွေရဲ့ အားေ ပးဝန်းရံ မှုကို ရထားသူပါ။ Thai TV3 ရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ပါ။ Buppesannivas ဇာတ်ကားမှာတော့ Karaked ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီဇာတ်ကားကတော့ သူမကို ထိုင်းနိုင်ငံရဲ့ ထိပ် တန်း မင်းသမီးတစ်လက် ဖြစ်လာစေခဲ့ပါတယ်။Bella Ranee တစ်ယောက် Daradaily Awards ဆုပေးပွဲမှာ ဆုရခဲ့ ပါတယ်။ ဒီအကြောင်းကိုတော့ Thai Update မှာ ဖော်ပြထားတာပါ။

Image from bellacampen’s fan club
Image from bellacampen’s fan club
Image from bellacampen’s fan club

ဆုပေးပွဲကိုတော့ ဇွန်လ (၁၂)ရက်နေ့က ဘန်ကောက် မြို့ Siam Square One Shopping Mall က Siam Pic-Ganesha Theater မှာကျင်းပပြုလုပ်ခဲ့တာပါ။ဒီနှစ်နဲ့ ဆိုရင် ဒါဟာ (၈)ကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ Daradaily Awards ဆုပေးပွဲပါ။ဆုပေးပွဲကိုတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အနုပညာ ရှင် တွေ အများကြီး တက် ရောက်ခဲ့ပါတယ်။GOT 7’s Bambam, Singto Prachaya, Prang Kannarun, Bas Suradet, Nadech Kugimiya, Yaya Urassaya, Blue Pongtiwat, Bella Ranee, Mark Prin, Benz Punyaporn, Ice Amena…တို့ အပြင် တခြားအနုပညာရှင်တွေအများကြီး တက်ရောက်ခဲ့ပါတယ်။

Image from bellacampen’s fan club
Image from bellacampen’s fan club
Image from bellacampen’s fan club

Bella ကတော့ ဒီပွဲမှာ Buppesunnivas ဇာတ်ကားနဲ့ Actress of The Year ဆု ရခဲ့ပါတယ်။TV Drama of The Year ဆုကိုလည်း Buppesunnivas ထိုင်းဇာတ်လမ်းတွဲကပဲ ရခဲ့တာပါ။အဲ့ဒီဇာတ်ကားမှာတော့ Pope Thanawat နဲ့ Bella Ranee တို့ ပါဝင်ထားပါတယ်။

bellacampen’s IG
bellacampen’s IG

ဒီဇာတ်ကားဟာ Bella ကို အရမ်းနာမည်ကြီး စေခဲ့သလို မင်းသား Pope Thanawat ကို လည်း တကျော့ပြန် လည် နာမည်ကြီးစေခဲ့တဲ့ ဇာတ်ကားပါ။ဆုပေးပွဲ အပြီးမှာ တော့  Bella က သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။အတူတူဓါတ်ပုံတွေ ရိုက်ကူးပေးခဲ့တာကိုလည်း တွေ့ရပါတယ်။