BALCKPINK ရဲ့အဖွဲ့ဝင် ROSE က သူမရဲ့ ထူးခြားတဲ့ အသံနဲ့ပတ်သက်ပြီး အင်တာဗျူးမှာ ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။ ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ DAZED KOREA ကနေ ROSE ကို အင်တာဗျူးထားတာလေးကို အွန်လိုင်းကနေ ပရိတ်သတ်တွေအတွက် ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

MODE ROSÉ POSE @ysl @anthonyvaccarello x @dazedkorea

A post shared by ROSÉ (@roses_are_rosie) on

အင်တာဗျူးမှာ ROSE ကို သူမရဲ့ အရမ်းကို ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အသံပိုင်ဆိုင်ထားတဲ့အကြောင်း မေးမြန်းခဲ့တဲ့အခါမှာတော့ ROSE က “လူတော်တော်များများက ကျွန်မမှာ ထူးခြားတဲ့ အသံရှိတယ်လို့ ပြောကြပါတယ် ကျွန်မ ပွဲဦးထွက်ခဲ့တဲ့ အချိန်အထိကို ကျွန်မမှာ ထူးခြားတဲ့ အသံရှိမှန်းကို မသိခဲ့ပါဘူး” ဆိုပြီး ပွင့်လင်းစွာ ပြောပြလာခဲ့ပါတယ်။

 

 

View this post on Instagram

 

런닝챙 🐰

A post shared by ROSÉ (@roses_are_rosie) on

သူမက ဆက်လက်ပြီး “အဲဒီ့တုန်းက ကျွန်မရဲ့ ပန်းတိုင်က ကောင်းမွန်တဲ့ အဆိုတော်ကောင်း တစ်ယောက်ဖြစ်ဖို့ပါပဲ ကွဲပြားတဲ့ အသံရှိတဲ့ အဆိုတော်တစ်ယောက်တော့ မဟုတ်ဘူးပေါ့ ကျွန်မအသံနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်နဲ့ တူအောင်၊ ထူးခြားအောင်ဆိုပြီး လေ့ကျင့်တာမျိုးတော့ မရှိပါဘူး”  လို့ဆိုပါတယ်။

 

 

View this post on Instagram

 

Less than a day away 🤭 who’s having a @netflix Party?

A post shared by ROSÉ (@roses_are_rosie) on

နောက်ဆုံးမှာတော့ သူမက ပြုံးလျက် “လူတွေက ကျွန်မကို အသံက အရမ်းထူးခြားတယ်လို့ ပြောတဲ့အခါတိုင်း ကျွန်မရဲ့ အသံကို ကျွန်မ နှစ်သက်သလို ခံစားလာရပါတယ် ဒီလိုမျိုး လူတွေဆီက ကြားရတာကို ကျွန်မ အရမ်းသဘောကျပါတယ်” လို့ ရိုးသားစွာ ပြောပြပေးခဲ့ပါတယ်။

 

 

View this post on Instagram

 

🐟

A post shared by ROSÉ (@roses_are_rosie) on

YG Entertainment ရဲ့ လေ့ကျင့်မှုနဲ့ 2016 မှာ ပွဲဦးထွက်လာခဲ့တဲ့ ROSE ဟာ BLACKPINK အဖွဲ့ရဲ့ main vocal တစ်ယောက်ဖြစ်လာခဲ့ပါတယ်နော်။ BLACKPINK ရဲ့ အောင်မြင်မှုကတော့ အံ့မခန်းအောင်ကို ကမ္ဘာတစ်ဝန်းလုံးက ပရိတ်သတ်တွေရဲ့အားပေးမှုကို အခိုင်အမာရထားတဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပါတယ်ေ်နာ်။

Khin