မင်းသမီးချောလေး Baifern Pimchanok ကို September 30, 1992 မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဒီကတော့ သူမရဲ့ အသက် 28 နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ Baifern ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး သူမရဲ့ နာမည်ရင်းက Pimchanok Luevisadpaibul ဖြစ်ပါတယ်။

 

 

View this post on Instagram

 

Hello 28 🌸

A post shared by baifernbah (@baifernbah) on

Baifern က အနုပညာလမ်းကြောင်းကို စတင်ဝင်ရောက်လာတဲ့အချိန် 2009 ခုနှစ် Meat Grinder နဲ့ Aneung Kid Teung Pen Yang Ying ဆိုတဲ့ ဇာတ်ကားနှစ်ကားမှာ ပါဝင်ခွင့် ရခဲ့ပါတယ်။ သူမရိုက်ကူးခဲ့တဲ့ နာမည်ကြီးပြီး လူကြိုက်များတဲ့ ရုပ်ရှင်တွေက Love Summer, Back To The 90s, Friend Zone, Laser Candy နဲ့ တစ်ခြားသော ဇာတ်ကားတွေက ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

🤎 @annabell.makeup @thiptalee

A post shared by baifernbah (@baifernbah) on

Baifern က သူမရဲ့ personal life ကို ပွင့်ပွင့်လင်းလင်း ချပြတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ relationship အကြောင်းတွေနဲ့ တစ်ခြားသော အကြောင်းအရာတော်တော်များများကို ပရိတ်သတ်တွေဆီကို ချပြလေ့ရှိသူ တစ်ယောက်ပါ။

 

Baifern ဟာ ဗုဒ္ဓဟူးသမီးတစ်ယောက်ဖြစ်ပြီး လူတွေရဲ့ အယူအဆအရ ဗုဒ္ဓဟူးနေ့မှာ မွေးဖွားတဲ့သူတွေဟာ စကားပြောကောင်းပြီး မွေးရာပါ ထူးချွန်ကြတဲ့ သူတွေဖြစ်ကြပါတယ်တဲ့။ သူမရဲ့ ရာသီခွင်ကတော့ Libra ရာသီဖွားတစ်ယောက်ဖြစ်ပါတယ်။ Libra တွေဟာ စိတ်သဘောထား ကောင်းမွန်ခြင်း၊ နူးညံသိမ့်မွေးခြင်းတွေကို ပိုင်ဆိုင်ပြီး မတရားမှု၊ အကြမ်းဖက်ခြင်းတွေကို မုန်းတီးတတ်ကြပါတယ်။ ဒါကတော့ မင်းသမီးချော Baifern ရဲ့ အကြောင်း တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာ ကျရောက်တဲ့ မွေးနေ့အတွက် happy birthday ပါနော်။

Khin