ပုဂံမြို့သူဇာတ်လမ်းတွဲကိုတော့ ၀ါရင့်သရုပ်ဆောင် ဒါရိုက်တာ ကျော်သူက ရိုက်ကူးလျက်ရှိပါတယ်။ ဒီဇာတ်ကားထဲမှာတော့ နာမည်ကျော် ပရိသတ်ကြိုက်သရုပ်ဆောင်တွေဖြစ်ကြတဲ့ မေမြင့်မိုရ်၊ ဒေါင်း၊ ထူးအောင်၊ ဘုန်းရှိန်ထက်၊ နေခြည်ရွှန်းလက်၊ အိစိကွေး၊ ကြူကြူသင်းတို့နဲ့အတူ အခြားသောသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။

ပုဂံမြို့သူ ဇာတ်လမ်းတွဲကိုတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ပါဝင်ကြတဲ့ သရုပ်ဆောင်များကလည်း အပြင်းအထန်ကြိုးစားပြီး သရုပ်ဆောင်လျက်ရှိပါတယ်။

Source: Kyaw Thu