“ပုဂံမြို့သူ” ဇာတ်လမ်းတွဲရဲ့ ကန်တော့ပွဲကိုတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ကျော်သူ၊ ဒေါင်း၊ ထူးအောင်၊ ဘုန်းရှိန်လတ်၊ မေမြင့်မိုရ်၊ နေခြည်ရွှန်းလတ်၊ အိစိကွေးတို့ ပါဝင်မှာဖြစ်ပြီး အခြားသော နာမည်ကြီး သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာကတော့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ ကျော်သူဖြစ်ပြီး  ၀တ္ထုကတော့ မောင်သိန်းဆိုင်ဖြစ်ပါတယ်။  နာမည်ကျော်မင်းသား၊ မင်းသမီးတွေ ၀ါရင့်သရုပ်ဆောင်တွေပါဝင်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်လို့ ပရိသတ်တွေ မျှော်လင့်ထားရမယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

Source: May Myint Mo Facebook