တောင်ကိုရီးယားရဲ့ အလှနတ်သမီးတစ်ယောက်ဖြစ်တဲ့ Suzy ကိုတော့ ၂၀၁၈ခုနှစ် နှစ်သစ်မှာ မိတ်ကပ်မလိမ်းထားတဲ့ မျက်နှာနဲ့ အင်ချွန်းလေဆိပ်မှာ ပထမဆုံးအနေနဲ့ တွေခဲ့ရပါတယ်။  ဒါကတော့ ၂၀၁၈ ခုနှစ်အတွက် Suzy ရဲ့ ပထမဆုံး အကြိမ် ပရိသတ်ရှေ့ကို ထွက်လာခြင်းဖြစ်ပြီး Suzy ကတော့ ဘာမိတ်ကပ်မှ မလိမ်းထားဘဲ အင်ချွန်းလေဆိပ်ကိုရောက်လာခဲ့ပါတယ်။

Suzy ၀တ်လာတဲ့ ဖက်ရှင်ကတော့ ဦးထုပ်အမဲလေးရယ်၊ ကုတ်အင်္ကျီအရှည်လေးရယ်၊ မိုးပြာရောင်ဂျင်းဘောင်းဘီတို့ကို ၀တ်ထားပြီးတော့ ရိုးရိုးလေးနဲ့ အရမ်းကို ကြည့်လို့ကောင်းနေတာပါ။ သူရဲ့ အလှမပြင်တောင်လှနေတဲ့ မျက်နာလေးကတော့ အလှဆုံးပေါ့။

ပရိသတ်တွေကတော့ Suzy ရဲ့ မိတ်ကပ်မပြင်ထားတဲ့အလှကို အရမ်းကို သဘောကျနှစ်သက်နေကြပါတယ်။

Source: KOreaboo