ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဘေဘီမောင်ကတော့ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့အပြင် ချစ်စရာကောင်းလွန်းတဲ့အတွက်ကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေသူတစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ ဖေ့စ်ဘုတ်ပေါ်မှာ အလှဓါတ်ပုံလေးတွေတင်ပြီး ပရိသတ်တွေကို ဖမ်းစားတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဘေဘီမောင်က ဒီကနေ့မှာတော့ နေပူပူမှာ ဓါတ်ပုံလှလှလေးတွေ ရိုက်ပြီး တင်ထားကာ “ဟုတ်ကဲ့ကျမ တောခဏပြန်တာပါရှင့်” ဆိုပြီးတော့လည်း ပရိသတ်တွေကို အသိပေးထားပါသေးတယ်။

ပရိသတ်တွေအတွက် နေပူပူထဲတောင် လှနေနိုင်တဲ့ ဘေဘီမောင်ရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Baby Maung