ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့အမူအရာလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ အဆိုတော်/မင်းသမီးတစ်ဦးဖြစ်တဲ့ ဘေဘီမောင်ကတော့ မကြာခင်မှာ ကျရောက်လာတော့မယ့် သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွဲဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။

ဘေဘီမောင်ကတော့ သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ မြန်မာဆန်ဆန်လေးဝတ်စားပြီး ပိတောက်ပန်းလေးတွေပန်ဆင်ထားတဲ့ သူမရဲ့ အလှဓါတ်ပုံလေးတွေကို ပရိသတ်တွေအတွက်တင်ပေးထားပါတယ်။ ချစ်စရာကောင်းတဲ့ ဘေဘီမောင်ကတော့ သင်္ကြန်စတိုင် အပြင်အဆင်တွေနဲ့ အုန်းလက်မဏ္ဍပ်တွေကြားမှာ ဓါတ်ပုံလေးတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ဘေဘီမောင်ရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Baby Maung