ရုပ်ရှင်ဇာတ်ကားတွေကိုလည်း မနားတမ်းရိုက်ကူးနေရသူတစ်ယောက်ဖြစ်ပြီး နယ်ပွဲတွေမှာလည်း ဖျော်ဖြေလေ့ရှိတဲ့ အနုပညာရှင် မင်းသမီးလေးတစ်ဦးဖြစ်တဲ့ ဘေဘီမောင်ကတော့ မြန်မြန်မာဆန်ဆန် အဝတ်အစားလေးကို သဘောကျ နှစ်ခြိုက်စွာ ဝတ်ဆင်တတ်သူတစ်ဦးဖြစ်ပြီး သူမရဲ့အလှကြောင့် ပရိသတ်တွေကြားမှာ နာမည်ကျော်သူတစ်ဦးဖြစ်ပါတယ်။

သူမကတော့ ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ အလှပုံရိပ်လေးတွေကို တင်ပေးတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမက ဒီကနေ့မှာလည်း သူမရဲ့ ကြည်လင်လွန်းတဲ့အလှတရားကို ပရိသတ်တွေကို ထုတ်ပြလိုက်ပြန်ပါပြီ။ ဘေဘီမောင်ကတော့ “ကိုယ့်ဆိုင်မှာမျက်နှာလေးပေါင်းတင်ပီးသကာလ ကြည်လင်လှပကျမဘဝလေးဖြစ်သွားပီပေါ့ကွယ်” လို့ရေးပြီး သူမရဲ့ ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ဘေဘီမောင်ကတော့ လတ်တလောမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် All Star အသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့ရဲ့ ယှဉ်ပြိုင်ပွဲကိုလည်း သွားရောက်အားပေးကြည့်ရှုခဲ့ပါသေးတယ်။

Source: Baby Maung