ဒီကနေ့မှာတော့ iKON အဖွဲ့ဝင် B.Iကို တရားမဝင်ဆေးတွေ ရောင်းပေးခဲ့တဲ့သူက ဘယ်သူလဲဆိုတာ သတင်းထွက်လာခဲ့ပါပြီ။ သူကတော့ YG Entertainment ရဲ့ လေ့ကျင့်သူဟောင်းတစ်ယောက်ဖြစ်တဲ့ Han Seo Hee ပဲဖြစ်ပါတယ်။ ကေပေါ့ ပရိသတ်တွေဆိုရင်တော့ သူ့နာမည်ကို ရင်းနှီးကြမှာပါ။ ၂၀၁၇ ခုနှစ်တုန်းက BIGBANGအဖွဲ့ဝင် T.O.P. နဲ့ အတူ မူးယစ်ဆေးသုံးစွဲခဲ့တဲ့ အမှုကြောင့် ၄ နှစ် ခံဝန်ချုပ်ကျနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

koreaboo
Kpop Profiles

သူမကတော့ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ မူးယစ်ဆေးထိန်းချုပ်မှုလုပ်ရပ်ကို ချိုးဖောက်ခဲ့တာကြောင့် သူမရဲ့ ဟန်းဖုန်းပါ ရဲတွေဆီမှာ စစ်ဆေးခံရပြီး Han Seo Hee နဲ့ B.Iတို့ရဲ့ မက်ဆေ့တွေက ပေါ်သွားခဲ့တာဖြစ်ပါတယ်။ အဒါကြောင့် ၂၀၁၆ ခုနှစ် သြဂုတ် ၂၂ ရက်နေ့မှာ စစ်ဆေးလုပ်ခဲ့ပြီး Han Seo Heeက iKON အဆောင်ရှေ့မှာ B.I အတွက် LSD ကို ၂၀၁၆ မေလ၃ရက်နေ့က  ပေးခဲ့တယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ တတိယမြောက် စစ်ဆေးမှုမှာတော့ Han Seo Hee က B.I ဟာ ဆေးဝယ်ဖို့ မေးခဲ့တယ် ဒါပေမဲ့ သူမ သွားမပေးခဲ့ဘူးလို့ ပြန်ပြောင်းပြီး ပြောခဲ့ပါတယ်။

koreaboo

ဒီကနေ့ အစောပိုင်းမှာတော့ B.I ကိုဆေးသုံးဖို့ ကမ်းလှမ်းသူက Han Seo Hee ဆိုတဲ့ သတင်းထွက်လာခဲ့ပြီး သူဟာ လက်ရှိမှာ  အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး အဖွဲနဲ့ နိုင်ငံသားအခွင့်အရေးကော်မရှင်တို့ကို အသနားခံစာတင်ထားတာဖြစ်ပါတယ်။ အဒါတွေကြောင့် YG Entertainmentဟာ ရဲတွေနဲ့ ပတ်သတ်ဆက်နွယ်မှုရှိမရှိဆိုတာတွေနဲ့ B.I ရဲ့ ဆေးမှုနဲ့ ပတ်သတ်ပြီး စစ်ဆေးခံရနိုင်ပါတယ်။

koreaboo

SOurce: koreaboo