iKON အဖွဲ့ဝင် B.I ဟာ တရားမဝင်ဆေး(LSD) ဝယ်ယူတယ်ဆိုတဲ့ အကြောင်းကို Dispatch သတင်းဌာနကနေ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ B.I ဟာ သူရဲ့ အင်စတာဂရမ်ပေါ်မှာ ပရိသတ်တွေအတွက် အခုလိုစာရေးပြီး အဖွဲ့ကနေ နှုတ်ထွက်မယ့်အကြောင်းကို ကြေငြာခဲ့တာဖြစ်ပါတယ်။


“ကျွန်တော် Han Bin(B.I) ပါ။ ပထမဆုံးအနေနဲ့ မလုပ်သင့်တဲ့ အပြုအမူကြောင့် ပြဿနာရှာမိတာတောင်းပန်ချင်ပါတယ်။ အရမ်းကို ခက်ခဲပင်ပန်းတဲ့အချိန်ကို ဖြတ်သန်းနေရတာကြောင့် မလုပ်သင့်တာတွေကို လုပ်ဖို့အတွက်၊မှီခိုဖို့အတွက် ကြိုးစားခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော် အရမ်းကြောက်ပြီး စိုးရိမ်နေခဲ့တာပါ။ ကျွန်တော့ရဲ့ အမှားတွေကြောင့် စိတ်ပျက်သွားရတဲ့၊စိတ်ထိခိုက်သွားရတဲ့ ပရိသတ်တွေအပေါ် အရမ်းအားနာပြီး ရှက်စိတ်လည်း ဝင်မိပါတယ်။ အမှားတွေကို ပြန်လည်သုံးသပ်ပြီး အဖွဲ့ကနေလည်း ထွက်ချင်ပါတယ်။ ပရိသတ်တွေနဲ့ ကျွန်တော့ရဲ့ အဖွဲ့သားတွေကို နောက်တစ်ကြိမ်ထပ်ပြီးတော့ စိတ်ရင်းနဲ့ တောင်းပန်ချင်ပါတယ်။”

B.I ကတော့ သူလုပ်ခဲ့တဲ့ လုပ်ရပ်အပေါ် သတ္တိရှိရှိ ဝန်ခံပြီးတော့ အမှားတွေကို တာဝန်ယူပြီး အဖွဲ့ကနေ ထွက်ခွာသွားချင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။တကယ်ထွက်သွားခဲ့ရင်တော့ iKON အဖွဲ့ဟာ အဖွဲ့ဝင် ၆ယောက်နဲ့ ရှေ့ဆက်ရတော့မှာဖြစ်ပါတယ်။

Source: Soompi