လူငယ်ပရိသတ်ကြိုက်သီချင်းတွေ သီဆိုဖျော်ဖြေလေ့ရှိပြီး လူငယ်ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ အနုပညာရှင် အဆိုတော်တစ်ယောက်ဖြစ်တဲ့ အေသင်ချိုဆွေကတော့ သူမရဲ့ မူလကိုယ်အလေးချိန်ကနေ ၄၇ပေါင်တိတိ ဝိတ်ချနိုင်ခဲ့တဲ့ အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ပြောပြပေးခဲ့ပါတယ်။

ဂီတမှာသာမက သရုပ်ဆောင်လောကမှာပါ အောင်မြင်ခဲ့သူဖြစ်တဲ့ အေသင်ချိုဆွေဟာ မူလကိုယ်အလေးချိန် ၂၁၈ ပေါင်ကနေ ၁၆၄ ပေါင်အထိကျသွားရတဲ့ အကြောင်းအရင်းကတော့ Gym ဆော့ရင်း ကျသွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အေသင်ချိုဆွေဟာ နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ Ar-T နဲ့အတူ Power House Gym မှာ ဝိတ်ချဖြစ်ခဲ့တာဖြစ်တာဖြစ်ပြီး သူတို့နှစ်ဦးလုံးကတော့ ရက်(၁၀၀) အတွက်မှာ ၄၇ ပေါင်နဲ့ ၃၅ ပေါင် အသီးသီး ဝိတ်ချနိုင်ခဲ့တာဖြစ်ပါတယ်။

ရက်(၁၀၀) အတွင်း သိသိသာသာပြောင်းလဲသွားတဲ့ အေသင်ချိုဆွေကတော့ မကြာခင်အချိန်အတွင်းမှာ အနုပညာအလုပ်တွေကို ပြန်လည်ပြီး လုပ်ကိုင်တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Source: Athen Cho Swe,smiley koko