မအေးသောင်းဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို တဖန်ပြန်လည်ပြီး ရရှိလာတဲ့ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ အနုပညာလောကမှာလည်း အောင်မြင်မှုတွေကို ရရှိနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။အေးသောင်းကတော့ မြန်မာဆန်ဆန်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အေးသောင်းက အရင်ကနဲ့မတူတဲ့ ခပ်မိုက်မိုက် ဆံပင်ပုံစံလေးနဲ့ ပရိသတ်တွေကို အံ့သြသွားအောင်လုပ်လိုက်ပြန်ပါပြီ။ အေးသောင်းကတော့ “စိတ်မကောက်ချင်လို့ ဆံပင်ကောက်ထားတယ်။ ဆံလိမ် အေးသောင်း။” လို့ရေးပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ဆံပင်အကောက်လေးနဲ့ ပုံစံတစ်မျိုးလေးဖြစ်နေတဲ့ အေးသောင်းရဲ့ ပုံလေးတွေကတော့ ပရိသတ်တွေကြားမှာတော်တော်လေးပျံ့နှံနေပြီး ပရိသတ်တွေကလည်း အေးသောင်းရဲ့ ပုံစံအသစ်ကို သဘောတွေ့နေကြပါတယ်။ ပရိသတ်တွေအတွက် အေးသောင်းရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Aye Thaung