ပရိသတ်တွေကြားမှာ မြန်မာဆန်ဆန်အလှတရားနဲ့ မအေးသောင်းအဖြစ်ပြန်လည် နာမည်ကြီးလာတဲ့ အေးဝတ်ရည်သောင်းကတော့ ပုရိသတွေကြားမှာ ရေပန်းစားရုံသာမက မိန်းကလေးပရိသတ်တွေသဘောကျကြတဲ့ အမျိုးသမီး အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

သူမကတော့ ဓါတ်ပုံရိုက်တာကို အလွန်ဝါသနာပါတဲ့ သူတစ်ယောက်ဖြစ်ပြီး ဖေစ်ဘုတ်ပေါ်မှာလည်း ဓါတ်ပုံလှလှလေးတွေ အမြဲတင်လေ့ရှိတဲ့ မင်းသမီးချောတစ်ယောက်ဖြစ်ပါတယ်။သူမကတော့ မတ်လ ၁၁ရက်နေ့က “ချစ်ပြီဆိုရင် သူဘာလုပ်လုပ်ချစ်တာ မချစ်တော့ရင် သူမျက်တောင်ခတ်တာတောင် ကြည့်မရ”လို့ရေးသားပြီး သူမရဲ့ ဓါတ်ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။

အချစ်နဲ့ ပတ်သတ်တဲ့ စာသားတွေ မကြာခဏ ဖေစ်ဘုတ်ပေါ်မှာ တင်တတ်တဲ့ မအေးသောင်းရဲ့ အချစ်ရေးကို ပရိသတ်တွေကလည်း အရမ်းကို စိတ်ဝင်စားနေကြပါတယ်။ပရိသတ်တွေချစ်တဲ့ မအေးသောင်းရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Aye Thaung