အေးသောင်းဆိုတဲ့ အမည်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ပြန်လည်ရရှိလာတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ လတ်တလောမှာ ထွက်နေတဲ့ ကောလဟာလတွေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ပွင့်ပွင့်လင်းလင်းဖြေရှင်းလိုက်ပြီဖြစ်ပါတယ်။ မကြာသေးခင်ကမှ အသက် (၃၄) နှစ်ပြည့်သွားတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ အေးသောင်းဟာ အသက်လိမ်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။

အရင်ကလည်း အခုလို ဝေဖန်မှုတွေရှိခဲ့ပေမဲ့ အေးသောင်းက ကောလဟာလတွေနဲ့ ပတ်သတ်ပြီး ဖြေရှင်းခြင်းမရှိခဲ့ပါဘူး။ လတ်တလောမှာ ဖြစ်နေတဲ့ သူမရဲ့ အသက်နဲ့ ပတ်သက်တဲ့ ကောလဟာလတွေကတော့ သူမရဲ့ မိသားစုကိုပါ ထိခိုက်လာတဲ့ အတွက်ကြောင့် ဖြေရှင်းရခြင်းဖြစ်တယ်လို့ အေးသောင်းကတော့ ပြောထားပါတယ်။

အေးသောင်းက သူမဟာ အနုပညာလောကထဲကို အသက် ၁၂နှစ်အရွယ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၈ ခုနှစ် အသက် ၁၄ နှစ်မှာ Miss X’Mas ဆုကို ရခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အေးသောင်းကတော့ သူမရဲ့ လက်ရှိအသက်ဟာ ၃၄ နှစ်ဖြစ်ကြောင်းကို သက်သေပြဖို့အတွက် သူမရဲ့ မှတ်ပုံတင်နဲ့ ပတ်စ်ပို့ကိုပါ ဓါတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်ပေါ်တင်ခဲ့တာဖြစ်ပါတယ်။

အေးသောင်းကတော့ ဒီကောလဟာလတွေနဲ့ ပတ်သက်ပြီး အရမ်းကို စိတ်မကောင်းဖြစ်နေတဲ့အပြင် သူမရဲ့ ပရိသတ်တွေပါ သူမကို အထင်လွဲသွားမှာကိုလည်း စိုးရိမ်နေပါတယ်။ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်နေတဲ့ အေးသောင်းကို အားပေးစကားလေးပြောလိုက်ပါဦးနော်။

Source: Aye Thaung