မြန်မာအနုပညာလောကမှာ မအေးသောင်းဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေကြား ရေပန်းစားလာတဲ့ အေးဝတ်ရည်သောင်းကတော့ အသားညိုတယ်၊ မည်းတယ်လို့ အပြောခံရတာကောင်းတဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။ မအေးသောင်းကိုယ်တိုင်ကလည်း ညိုချောတစ်ဦးဖြစ်ပြီး ပုရိသတွေကြားမှာ ရေပန်းစားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

မအေးသောင်းကတော့ “အသားမည်းတယ် ညိုတယ်ပြောကြတယ် … တကယ်ကသိပ်ကောင်းတာ တော်ကြာအသားဖြူတယ်ထင်နေတဲ့ သူတို့က အပြင်မှာတွေ့လို့ သူတို့ ထင်ထားသလောက်ဖြူမနေရင် ခက်ရချည်သေး”လို့ သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ ရေးပြီး ညိုတယ်၊ မည်းတယ်လို့ အထင်ခံရတာ ကောင်းတဲ့ ကိစ္စဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အသားညိုသူ ပရိသတ်တွေကတော့ မအေးသောင်းရဲ့ စကားတွေကို အရမ်းကို အကြိုက်တွေ့နေကြပါတယ်။

Source: Aye Thaung