ပရိသတ်တွေရဲ့ အချစ်တော် မမ နှစ်ယောက်ဖြစ်တဲ့ မိုးဟေကိုနဲ့ အေးဝတ်ရည်သောင်း (မအေးသောင်း)တို့ကတော့ Wave သောက်ရေသန့် မိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့ပါတယ်။

မိုးဟေကိုကတော့ အမြဲတမ်းဖက်ရှင်ကျကျ လှပနေသူတစ်ယောက်အဖြစ် ပရိသတ် အသိအမှတ်ပြုခံထားရတဲ့ မင်းသမီး တစ်ယောက်ပါ။ Wave ရဲ့ ပွဲကိုတော့ မိုးဟေကိုက ရွှေရောင်ဂါဝန်ကို ၀တ်ဆင်ပြီး တက်ရောက်လာခဲ့ပါတယ်။ ပုံတွေ တက်လာတဲ့ တခဏလေးအတွင်းမှာပဲ အွန်လိုင်းပေါ်မှာ ချီးကျူးသံတွေ ဝေဆာခဲ့ပါတယ်။ နတ်သမီးလေး ကြွေ ဆင်း သလားဆိုပြီး ချီးကျူးပြောဆိုကြတဲ့ အထိ မိုးဟေကိုရဲ့ အလှကို အသိအမှတ်ပြုခဲ့ပါတယ်။

ဒီပွဲကိုတော့ မအေးသောင်းဆိုပြီး ပရိသတ်ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ အေးဝတ်ရည်သောင်းလည်း တက်ရောက် ခဲ့ပါတယ်။ မအေးသောင်းကတော့ အပြာရောင်ဂါဝန်ရှည်ကို ၀တ်ဆင်ပြီး တက်ရောက်လာခဲ့တာပါ။ မြန်မာဝတ်စုံလေးတွေနဲ့ နာမည်ကြီးလာတဲ့သူမက ဒီပွဲမှာ အနည်းငယ် လည်ပင်းဟိုက်တဲ့ ၀တ်စုံကြောင့် ပရိသတ်တစ်ချို့က အနည်းငယ် အပြစ်မြင်တာလေးတွေ ရှိခဲ့ပေမယ့် သူမရဲ့ ကျော့ရှင်းလှပမှုကိုတော့ အားလုံးက အသိအမှတ်ပြုခဲ့ပါတယ်။

FROM Nay Min Tun(Photographer)