ပရိသတ်တွေရဲ့ အချစ်တော် အပျိုကြီးမမ အေးဝတ်ရည်သောင်း(ခေါ်) မအေးသောင်းကတော့ သူမရဲ့ fb မှာ ပုံအသ စ်လေးတွေ တင်ထားပါတယ်။ ဇွန်လ(၂၄)ရက်နေ့က တင်ထားတာပါ။ JCGV( Junction City) မှာ (၂၄)ရက်နေ့ည (၇)နာရီ က ကျင်းပခဲ့တဲ့ ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီး မီဒီယာအထူးပွဲသို့ တက်ရောက်ခဲ့တဲ့ ပုံလေးတွေပါ။

မအေးသောင်းအပြင် ဒီပွဲကို တခြားနာမည်ကြီး အနုပညာရှင်တွေ အများကြီးလည်း တက်ရောက်ပေးခဲ့တာကို တွေ့ရပါတယ်။

အေးသောင်းကတော့ “ဝိညာဉ်စိမ်း” အတွက် အခုလို ဆုတောင်းပေးလိုက်ပါတယ်။

“ရုပ်ရှင်ကားကောင်းတွေအမြဲကြိုဆိုပါတယ်။
Congratulations Wai Minn Maung
“ဝိညာဉ်စိမ်း” ရုပ်ရှင်ကားကြီး အများကြီးအောင်မြင်ပါစေ။

Photo – Aye Zaw Moe (Setthmu)

ဝိညာဉ်စိမ်း ရုပ်ရှင်ကားကြီးကတော့ ဒါရိုက်တာ ၀င်းထွန်းထွန်းရိုက်ကူးထားတာပါ။သရုပ်ဆောင်တွေ အနေနဲ့ ကျော်သူ၊ရန် အောင်၊မင်းမော်ကွန်း၊နေမျိုးအောင်၊ကျော်ကျော်ဗို၊မြင့်မြတ်၊ဟိန်းဝေယံ၊စိုးမြတ်သူဇာ နဲ့..တခြား အနုပညာရှင် တွေ အများကြီးပါဝင်ထားပါတယ်။ဇွန်(၂၉)ရက်နေ့ကစပြီး ရုံတင်ပြသသွားမှာပါ။

Myanmar Cele 7၊ Bella Men Care တို့နဲ့ ပူးပေါင်းပြီး မအေးသောင်းတစ်ယောက် ကမ္ဘာ့ဖလား ဘောလုံးပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ အစီအစဉ်မှာ ပါဝင်ပေးနေတာကိုလည်း တွေ့ရပါတယ်။

from အေးဝတ်ရည်သောင်း FB