မအေးသောင်းကတော့ အနုပညာလောကမှာ အောင်မြင်နေကြတဲ့ အသက် ၃၀ ကျော် မမတွေထဲတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေတာဖြစ်ပါတယ်။


အေးသောင်းကတော့ မြန်မာဆန်ဆန်အလှကို တန်ဖိုးထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး မြန်မာဝတ်စုံလေးတွေနဲ့ အမြဲတွဲဖက်မြင်နေရတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

သူမကတော့ မန္တလေးမှာကျင်းပတဲ့ Miss & Mrs Summer Global Myanmar 2019 ပွဲကိုလည်း တက်ရောက်ခဲ့ပြီး အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ပေးခဲ့တာဖြစ်ပါတယ်။

အေးသောင်းကတော့ အစိမ်းနုရောင်စကတ်လေးနဲ့ ကုတ်လက်တိုလေးကို တွဲဖက် ဝတ်ဆင်ထားပြီး ကျက်သရေရှိရှိနဲ့ အရမ်းကို လှလွန်းနေပါတယ်။

တစ်နေ့တစ်ခြားပိုပြီးတော့ အလှတွေပိုလာတဲ့ မအေးသောင်းကိုတော့ ပရိသတ်တွေက ပိုလို့တောင် အချစ်တွေတိုးနေပါပြီ။အေးသောင်းရဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို ဖေါ်ပြပေးလိုက်ပါတယ်။


Source: Aye Thaung