ရုပ်ရှင်ပရိသတ်တွေရဲ့ အသဲစွဲ ပါးချိုင့်မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူကတော့ ပုံစံ အသစ်အဆန်းတစ်ခုနဲ့ ပရိသတ်တွေကို ဖမ်စားလိုက်ပြန်ပါပြီ။

အမြဲလိုလို  မြန်မာဆန်ဆန်နဲ့ အေးချမ်းတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ အေးမြတ်သူကတော့ အန္ဒိယ လူမျိုးတွေရဲ့ ဝတ်စုံဖြစ်တဲ့ ဆာရီဝတ်စုံကို ဝတ်ဆင်ပြီးတော့ သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ ဓါတ်ပုံလေးတွေတင်လိုက်တာဖြစ်ပါတယ်။ ထင်မှတ်မထားလောက်အောင်ပဲ ဆာရီဝတ်စုံဟာ အေးမြတ်သူနဲ့ အရမ်းကို လိုက်ဖက်မှုရှိပြီး ဆာရီဝတ်စုံဝတ်ထားတဲ့  အေးမြတ်သူရဲ့ ဓါတ်ပုံတွေကို မြင်သူတိုင်းကတော့ အရမ်းကို သဘောတွေ့နေကြပါတယ်။

ဒီဓါတ်ပုံလေးတွေကိုတော့ ရှန်ခိုက်ဘုရားဖူးသွားရင်း ရိုက်လာခဲ့တာဖြစ်တယ်လို့လည်း အေးမြတ်သူကရေးထားပါသေးတယ်။