ပရိသတ်တွေချစ်ရတဲ့ မင်းသမီးချော အေးမြတ်သူကတော့ မြန်မာဆန်ဆန် နန်းဆန်နေတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။

ဒီကနေ့မှာတော့ မင်းသမီးအေးမြတ်သူဟာ သူမ ပါဝင်သရုပ်ဆောင်မယ့် “လမ်းပေါ်က မြွေဟောက်” ရုပ်ရှင်ကားကြီးအတွက် ရွှေတိဂုံဘုရားမှာ ပြုလုပ်တဲ့ကန်တော့ပွဲကို အရမ်းကိုလှတဲ့ ပန်းရောင်မြန်မာဝတ်စုံလေးနဲ့ တက်ရောက်ခဲ့ပါတယ်။

ပါးချိုင့်မင်းသမီးလေးလို့ နာမည်ကြီးတဲ့ အေးချမ်းတဲ့ အလှပိုင်ရှင်အေးမြတ်သူကတော့ သူမရဲ့ တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို ရင်ခုန်အောင် လုပ်လိုက်ပြန်ပါပြီ။ အေးမြတ်သူရဲ့ ပရိသတ်တွေအတွက် အေးမြတ်သူရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Aye Myat Thu