ပရိသတ်တွေတိုင်းချစ်ရတဲ့ အပြုံးမင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့ သူတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ အေးမြတ်သူက လတ်တလောမှာ နိုင်ငံရပ်ခြားကို အပန်းဖြေခရီးထွက်နေတာဖြစ်ပါတယ်။

အေးမြတ်သူကတော့ တူရကီနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ အလှဓါတ်ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ ဘစ်ကနီဝတ်ထားတဲ့ ဓါတ်ပုံတွေကို တင်ပေးထားတဲ့ အေးမြတ်သူကတော့ “တူရကီ က ပုံလေးတွေ လာသိမ်းတာရှင့် မမြတ်လေး အသက် ၃၀ကျော် ၃၃ ပါရှင့် လုပ်သင့်တာတွေလည်း လုပ်နေသလို
လုပ်ချင်တာလေးတွေလည်း လုပ်တက်ပါတယ်ရှင့် ခွင့်လွှတ်ပေးတက်တဲ့ ချစ်ရသူ တယောက်ချင်းစီတိုင်းကို အရမ်းချစ်ပြီး ကျေးဇူးတင်ပါတယ်ရှင့် စကားမစပ် လုပ်ချင်တာတွေလုပ်တိုင်း အပြစ်မမြင်ဘဲ အဝေးကနေ စောင့်ရှောက်ပေးတက်တဲ့ ချစ်သူရေ …..အပျိုကြီးလည်း ဒါလေးတွေကြောင့် မြန်မြန်ကျွတ်တော့မယ် ထင်တယ်ရှင့်” လို့ရေးပြီး ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။

 

အေးမြတ်သူကတော့ လုပ်ချင်တာလေးတွေကို လုပ်တတ်တဲ့ သူမကို ခွင့်လွှတ်ပေးတဲ့ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်လို့လည်း ပြောထားပါသေးတယ်။ အေးမြတ်သူရဲ့ ဓါတ်ပုံလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Source: Aye Myat Thu