အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး အေးမြတ်သူကတော့ သရုပ်ဆောင်ပိုင်းမှာသာမက မော်ဒယ်ပိုင်းမှာလည်း အောင်မြင်နေတဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ ဘယ်လိုအဝတ်အစားပဲဝတ်ဝတ် စမတ်ကျပြီး လှပနေတဲ့ အေးမြတ်သူဟာ လွတ်လပ်ပွင့်လင်းတဲ့ ဟန်အမူအယာလေးတွေကြောင့် ပိုပြီးချစ်စရာ ကောင်းနေပါတယ်။

သူမကို မော်ဒယ်ရှိုးပွဲတွေမှာလည်း တွေ့ရလေ့ရှိပြီး ဘော်ဒီအလှကို ထိန်းထားနိုင်တဲ့ မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ဒီနေ့မှာလည်း ဓါတ်ပုံဆရာ နေမင်းထွန်းနဲ့အတူ မင်းသမီးအေးမြတ်သူဟာ လူငယ်ဆန်ဆန် ဖက်ရှင်လေးနဲ့ ဖိုတိုရှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒီဖိုတိုရှုမှာတော့ ရိုးရိုးရှင်းရှင်း ဂျင်းဘောင်းဘီ၊ တီရှပ်အဖြူလေးကို ဝတ်ထားပေမဲ့ ကြည့်ရတာ အရမ်းကို ခေတ်ဆန်ပြီး လွတ်လပ်ပေါ့ပါးနေတာကို တွေ့ရပါတယ်။ အေးမြတ်သူရဲ့ လူငယ်ဆန်ဆန် ခပ်မိုက်မိုက်ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Aye Myat Thu