ရုပ်ရှင်ဇာတ်ကားတွေကို မနားတမ်းရိုက်ကူးနေရတဲ့ မင်းသမီးချော အေးမြတ်သူကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။ အေးမြတ်သူဟာ ကျစ်လစ်တဲ့ ဘော်ဒီ အချိုးအစားကြောင့် ပရိသတ်တွေ အားကျရတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမကတော့ လတ်တလောမှာ တူရကီနိုင်ငံကို အလည်အပတ်ခရီး ရောက်ရှိနေတာဖြစ်ပါတယ်။ အေးမြတ်သူက ခရီးထွက်နေတဲ့ သူမရဲ့ အပန်းဖြေနေတဲ့ပုံရိပ်လေးတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေအတွက် ဝေမျှပေးတတ်ပါတယ်။ ဒီကနေ့မှာလည်း ဘစ်ကနီလေးနဲ့ လှနေတဲ့ သူမရဲ့ အမိုက်စားပုံရိပ်လေးတွေကို အင်စတာဂရမ်ပေါ်မှာ တင်ပေးထားပါသေးတယ်။

ဘစ်ကနီဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ အေးမြတ်သူရဲ့ ဓါတ်ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

 

Source: Myat Lay