Alex Williamson ကတော့ သြစတြေးလျားနိုင်ငံက ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ကမ္ဘာကျော် ကေပေါ့ အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ကို ပုတ်ခတ်ပြောဆိုနေတာကြောင့် ပရိသတ်တွေရဲ့ မျက်စိစပါးမွှေးစူး ခံနေရပြီဖြစ်ပါတယ်။ Australian TV Network ကတော့ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး တောင်းပန်ခဲ့ပေမဲ့ Alex Williamsonဟာ ရပ်တန့်မသွားတဲ့အပြင် ပိုပြီးတော့ တောင်ဆိုးလာခဲ့တာဖြစ်ပါတယ်။


Alex Williamson ကတော့ BTS အဖွဲ့ဟာ အသက်၁၅ နှစ်အောက်အရွယ်လေးတွေဆီကတေ ပိုက်ဆံအမြတ်ထုတ်ဖို့အတွက် ဖွဲ့ထားတဲ့အဖွဲ့ဖြစ်တယ်။ ဒါ့အပြင် BTS အဖွဲ့ကို အခုလို ပုတ်ခတ်ပြောဆိုနေတာတွေက လူမျိုးရေးခွဲခြားတာမဟုတ်ပဲ အခြား boy band တွေကိုလည်း သြစတြေးလျားလူမျိုးတွေကအခုလိုပဲ ပြောမှာဖြစ်တယ်လို့ သူရဲ့ Twitter အကောင့်မှာ ရေးသားခဲ့ပါတယ်။


ဒါပေမဲ့လည်း သြစတြေးလျားကို BTS အဖွဲ့လာရောက်ခဲ့ပြီး Wings ဖျော်ဖြေပွဲ လုပ်တုန်းက လက်မှတ်တွေချက်ချင်ရောင်းကုန်ခဲ့ပြီး သြစတြေးလျားက ပရိသတ်တွေရဲ့ အုတ်အုတ်ကျက်ကျက် အားပေးခြင်းခံရတယ်ဆိုတာ BTS ပရိသတ်တွေတိုင်းသိကြမှာပါ။

Alex Williamson ကတော့ သူ့ကိုယ်သူ တတိယကမ္ဘာစစ်တော့ အစပြုလိုက်သူကြီးပါဆိုပြီးတော့တောင် ဂုဏ်ယူနေပါသေးတယ်။ Alex Williamson ကတော့ သိပ္ပံနဲ့ဆေးပညာလောကအပြင် နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ အာရှရဲ့ အမျိုးသား၊အမျိုးသားတွေကို အထင်ကြီးပေမဲ့ Boyband တွေတော့ မပါဘူးလို့ပြောခဲ့ပါတယ်။

Source: Koreaboo