ရုပ်ရှင်သရုပ်ဆောင် မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်မှာ အနုပညာလောကထဲ မတွေ့ရတော့ပေမဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေရရှိထားဆဲ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ချစ်သားလေး အော်စတင် (Austin) ကလည်း မေမေမိုးယုစံနဲ့အတူ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ ရရှိထားသူလေးဖြစ်ပါတယ်။

အမြဲတမ်း ပြုံးနေတတ်တဲ့ မျက်နာချိုသူလေး Austin (ခေါ်) ကောင်းသိင်္ခမိုးသူ ကတော့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင်ပဲ အသက် (၉) လပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ Austin လေးက သူ့ရဲ့ မွေးနေ့မှာတော့ မိသားစုတွေနဲ့အတူ အပြင်ထွက်ပြီး ညစာစားခဲ့ပါတယ်။

 

Austin လေးရဲ့ ဓါတ်ပုံလေးတွေကိုတော့ မိုးယုစံက သူမရဲ့ အကောင့်မှာ တင်ပေးထားတာဖြစ်ပါတယ်။ မွေးနေ့ရှင် Austin လေးရဲ့ ဓါတ်ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Moe Yu san