ဖေစ်ဘုတ်ပေါ်မှာ ဟာသဗီဒီယိုတွေတင်ရင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့ ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အောင်ရဲထွေးဟာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၂)ရက်နေ့မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

အောင်ရဲထွေးဟာ နှစ်သစ်ကူးညက ကလပ်တစ်ခုမှာ အမည်မသိ လူတစ်စုက ဖိနပ်နဲ့ ခေါင်းကိုဝိုင်းကန်တာကိုခံခဲ့ရတဲ့အတွက်ကြောင့် ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့လို့ ဆေးရုံတင်ထားခဲ့ရပြီး ခွဲစိတ်ကုသမှုတွေခံယူခဲ့ရပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် ဒီနေ့ နေ့လည်ပိုင်းက ကွယ်လွန်သွားခဲ့ရတာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

နာမည်ကျော် အနုပညာရှင်များစွာကလည်း အောင်ရဲထွေးရဲ့ သေဆုံးမှုအတွက် ၀မ်းနည်းကြောင်းကို သူတို့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ ရေးသားခဲ့ကြပါတယ်။

CeleNow အဖွဲ့သားများမှလည်း ကွယ်လွန်သွားပြီဖြစ်သော  ဟာသသရုပ်ဆောင် အောင်ရဲထွေးရဲ့ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူထပ်မျှ  ဝမ်းနည်းမိပါတယ်။

Source: Aung Yell Htwe