ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားပြီး အနုပညာလောကမှာလည်း အောင်မြင်မှုတွေရရှိထားတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ အောင်ရဲလင်းရဲ့ အချစ်ရေးကတော့ သူ့ရဲ့ ပရိသတ်တွေအရမ်းကို စိတ်ဝင်စားကြတဲ့ အကြောင်းအရာတစ်ခုလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ လူမှုကွန်ယက် စာမျက်နှာထက်မှာ အောင်ရဲလင်း နဲ့ အမျိုးသမီးတစ်ဦးတို့ရဲ့ ဓါတ်ပုံတွေထွက်လာပြီးနောက်မှာတော့ ပရိသတ်တွေကြားမှာ  အောင်ရဲလင်း ချစ်သူရနေပြီဆိုတဲ့ အကြောင်းက မသိတဲ့သူမရှိသလောက်ပါပဲ။ အောင်ရဲလင်းရဲ့ ချစ်သူကတော့ သူမရဲ့ အင်စတာဂရမ်ပေါ်မှာ သူမရဲ့ ချစ်သူနဲ့ အတူ ရိုက်ကူးထားတဲ့ ဓါတ်ပုံလေးတွေကိုလည်း တင်တတ်ပြီး အခုလည်း သူတို့နှစ်ဦး ခရီးသွားတဲ့ ဓါတ်ပုံလေးတွေကိုတင်ထားပါသေးတယ်။

အောင်ရဲလင်းရဲ့ ချစ်သူကောင်မလေးကတော့ ဗယ်လင်တိုင်းဒေးမှာလည်း အောင်ရဲလင်းနဲ့အတူ ချစ်သူများနေ့ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တဲ့ ဓါတ်ပုံတွေကို သူမရဲ့ အင်စတာဂရမ်ပေါ်မှာလည်း တင်ထားပါသေးတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ရေးကတော့ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စရာကောင်းလွန်းလို့ ပရိသတ်တွေကတော့ သူတို့ချစ်သူစုံတွဲကို သဘောကျနေကြပါတယ်။

Source: Chu Myat Chal