အနမ်းဝိုင်ဇာတ်ကားရဲ့ မင်းသားချော aအာင်ရဲလင်းကတော့ သူ့နဲ့ မထက်ရဲ့ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာခဲ့ပါတယ်။ ဒီအကြောင်းကိုaတာ့ Myanmar Celebrity ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

လတ်တလောမှတော့ မထက်က အောင်ရဲလင်းကို ဖိုတိုရှုတစ်ခုမှာ သွားရောက်ကူညီပေးနေတဲ့ ဓါတ်ပုံလေးတွေကို သူမရဲ့ ဖေစ်ဘုတ်မှာ တင်ပြီးနောက်မှာတော့ ပရိသတ်တွေက အောင်ရဲလင်းနဲ့ မထက်တို့ရဲ့ ဆက်ဆံရေးကို အင်မတန်မှ စိတ်ဝင်စားလျက် ရှိပါတယ်။

အောင်ရဲလင်းကတော့ မထက်နဲ့က ရင်းနှီးလာတာ (၆)နှစ်လောက်ရှိပြီဖြစ်ပြီး မောင်နှမတွေလို ဖြစ်နေပါပြီလို့ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် မထက်ဟာ အောင်ရဲလင်းအတွက် ဖိုတိုရှုတွေမှာလည်း အတတ်နိုင်ဆုံး ကူညီပေးလေ့ရှိတဲ့အပြင် ဆံပင်ပုံစံပြောင်းရတာကြိုက်တဲ့ အောင်ရဲလင်းအတွက် ဆံပင်လည်း ညှပ်ပေးလေ့ရှိတယ်လို့ အောင်ရဲလင်းက ပြောပြခဲ့တာဖြစ်ပါတယ်။

Source: Myanmar Celebrity