ရုံတင်ပြသမှု မတိုင်ခင်ကလည်းက ပရိသတ်တွေရဲ့ စိတ်ဝင်တစား စောင့်ကြည့်မှုတွေကို ခံနေရတဲ့ ရုပ်ရှင်ကားကြီး”ရာဇဝင်ရိုင်းခဲ့သည်” ကတော့ ဇူလိုင်လ ၁ရက်နေ့မှာ Red Carpet Show ကို ကျင်းပခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေ၊မီဒီယာတွေလည်း အမြောက်အများလာရောက်ခဲ့ကြပါတယ်။ ဒီပွဲကိုတော့ ရုပ်ရှင်ကားရဲ့ အဓိက ဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ အောင်လေးကလည်း တက်ရောက်ခဲ့ပါတယ်။

အောင်လေးကတော့ သူ့ရဲ့ ကြိုးစားမှုတွေကို ပရိတ်သတ်လက်မခံမှာမကြိုက်မှာကိုလည်းတွေးရင်းစိတ်ပူနေခဲ့တဲ့ အကြောင်းကိုလည်း ဖေ့စ်ဘုတ်ပေါ်မှာ ပြောထားပါသေးတယ်။ ဒါပေမဲ့လည်း ပွဲစစခြင်းကတည်းက ပရိသတ်တွေရဲ့ လက်ခုပ်သံတွေနဲ့ သြဘာပေးသံတွေကို ရရှိခဲ့လို့ အရမ်းကို ပျော်နေပါတယ်လို့လည်း ပြောထားပါသေးတယ်။

ပရိသတ်တွေအတွက် အမြဲကြိုးစားနေတဲ့ အောင်လေးကတော့ ဒီဇာတ်ကားထဲမှာ နာမည်ကျော် မင်းသား ဇေရဲထက်နဲ့အတူ ယှဉ်တွဲပြီး သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အောင်လေးကတော့  ရုပ်ရှင်ကြည့်နေတဲ့အချိန်ကိုယ့်ရုပ်ကိုကြည့်ပြီးတော့ ထထ ရယ်မိတယ် လို့လည်း ရေးထားပါသေးတယ်။

“ရာဇဝင်ရိုင်းခဲ့သည်” ဇာတ်ကားကတော့ ဇူလိုင်လ (၆) ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အောင်လေး၊ ဇင်ဇင်ဇော်မြင့်၊ ဇေရဲထက်၊ ခင်ဇာခြည်ကျော် နဲ့ Aခွန်းပန်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားလေးကတော့ ဇာတ်လမ်းဇာတ်ကွက်ထူးခြားတဲ့ ဇာတ်ကားလေး ဖြစ်လို့ ပရိသတ်တွေသွားရောက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးလဲလည်း ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ထွေလာလေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

ရာဇဝင်ရိုင်းခဲ့သည် Official Trailer

လောကကြီးမှာ အဆန်းကြယ်​ဆုံးအရာဟာ အချစ်ဆိုတာ​ လူတိုင်းသိထားပီးအ​ကြောင်းအရာတစ်​ခုဆို မမှားပါဘူး ❤❤❤*** အချစ်​ကိုတပ်​မက်​​မောတဲ့ ​ကောင်​​လေးတစ်​​ယောက်​ဟာ သူ့ဘဝကို​ပြောင်းလဲ​စေတဲ့ လူ​လေး​ဦး သူ့ဘဝထဲ ဝင်​ရောက်​လာတဲ့အခါ ဖြစ်​ပျက်​သွားတဲ့ အ​ကြောင်းအရာ​တွေကို ပုံ​ဖော်​ရိုက်​ကူးထား​သော ဇာတ်​ကားကြီး …* ရာဇဝင်​ ရဲ့ ဇာတ်​သိမ်းဟာ မာနကြီးတဲ့ ခင်​နှိုင်းစံ​ကြောင့်​လား?*တက်​သစ်​စ​မော်​ဒယ်​ ထက်​နိုင်​​ကြောင့်​လား?*ဆယ်​​ကျော်​သက်​အရွယ်​​ကောင်​မ​လေး ခက်​ ​ကြောင့်​​လား?*စိတ်​အလိုလိုက်​​သော ​ဒေါ်လှအုန်းမယ်​​ကြောင့်​လား?*** ဇူလှိုင်​လ ၆ ရက်​​နေ့မှာ ရုံတင်​မည့်​ "ရာဇဝင်​ရိုင်းခဲ့သည်​" ရုပ်​ရှင်​ဇာတ်​ကားကြီးOfficial Trailer ကိုခံစား​ပေးကြပါခင်‌ဗျာ..#ရာဇဝင်ရိုင်းခဲ့သည်

Posted by ရာဇ၀င် ရိုင်းခဲ့သည် on Wednesday, 20 June 2018

Source: Aung Lay