လတ်တလောမှာ ရုံတင်ပြသနေပြီး ပရိသတ်တွေကြားမှာ အရမ်းကို ဟော့ဖြစ်နေတဲ့  “ရာဇဝင်ရိုင်းခဲ့သည်” ဇာတ်ကားကြီးမှာ အဓိက သရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်ထားသူ မင်းသားအောင်လေးကတော့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိလျက်ရှိပါတယ်။ မော်ဒယ်တစ်ယောက်အဖြစ် အားပေးဝန်းရံမှုတွေကို ရရှိထားတဲ့ အောင်လေးက မင်းသားတစ်ယောက်အဖြစ်လည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ဆက်လက်ပြီးတော့ ရရှိနေတာဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ပေါ်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့ အောင်လေးကတော့ ဇူလိုင်လ ၁၁ ရက်နေ့တုန်းကလည်း ပရိသတ်တွေအတွက် ဘုရားမှာ ပဌာန်းရွတ်ပြီး ခုနှစ်ရက်သားသမီးအားလုံးအတွက် ဆုတောင်းပေးခဲ့ကြောင်း ပို့စ်တင်ပေးထားပါတယ်။ ဘုရားသွားပြီး ပရိသတ်တွေအတွက် ဆုတောင်းပေးခဲ့တဲ့ အောင်လေးက ပို့စ်မှာ “ဘုရားသွားကျောင်းတက် ကိုယ့်ရဲ့ပါရမီဖြည့်ဖက်ကဘယ်မှာလဲကွယ်…” လို့လည်း ရေးထားပါသေးတယ်။

ဘုရားသွားကျောင်းတက်ဖို့အတွက် ပါရမီဖြည့်ဘက်ရှာနေတဲ့ အောင်လေးရဲ့ ဘုရားပေါ်က ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ အောင်လေးရဲ့ အနုပညာလှုပ်ရှုားမှုတွေကိုလည်း  ဆက်လက်ပြီးတော့ အားပေးလိုက်ကြပါဦးနော်။

Source: Aung Lay