ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ အောင်လ နဲ့ ဝိုင်းစုတို့နှစ်ဦးကတော့ ငပလီကမ်းခြေကို အပန်းဖြေခရီးထွက်လို့နေပါတယ်။သူတို့နှစ်ဦးကတော့ ငပလီက လူအရောက်အပေါက်နည်းတဲ့ ကျွန်းလေးကိုလည်း သွားရောက်ပြီး အပန်းဖြေခဲ့ကြပါတယ်။ ကမ်ခြေမှာပျော်ပျော်ရွှင်ရွှင် အပန်းဖြေနေတဲ့ ဓါတ်ပုံလေးတွေကိုတော့ အောင်လက သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။

ကြည်ကြည်နူနူးနဲ့ ဓါတ်ပုံတွေရိုက်ထားကြတဲ့ အောင်လနဲ့ ဝိုင်းစုတို့ စုံတွဲကတော့ အရမ်းကို ပျော်နေကြပုံပါပဲ။ အောင်လကတော့ “ဒီကျွန်းလေးက လူအရောက်အပေါက်နည်းတယ်။
ဒီနေရာကို Local တွေလာတာ သိပ်မတွေ့ရဘူး။ ပုလဲကျွန်းသွားပြီးပြန်ကြတာ များတယ်။ အခုလည်း နိုင်ငံခြားသား အတွဲ နှစ်တွဲနဲ့ ကိုယ်တို့ အတွဲပဲရှိတယ်။သာယာချက် 9+
ငပလီရောက်တိုင်းဒီနေရာလေး ရောက်ဖြစ်တော့ ကျွန်းပိုင်ရှင်နဲ့ မိသားစုလို ဖြစ်နေပြီ။ ကိုယ်ကြိုက်တာ ချက်စား။”လို့ရေးပြီးတောင် သူရဲ့ ဖေစ်ဘုတ်မှာ တင်ထားပါသေးတယ်။

နှစ်ကိုယ်တူဘဝတစ်ခုကို နားလည်မှုတွေနဲ့ တည်ဆောက်နေကြတဲ့ သူတို့စုံတွဲကတော့ အရမ်းကို လိုက်ဖက်ပြီး ချစ်စရာကောင်းလွန်းပါတယ်။

Source: Aung la