tvN drama “Arthdal Chronicles” ရဲ့ ကြည့်ရှုနှုန်းကတော့ သိသိသာသာကျဆင်းသွးတယ်လို့ Allkpop ရဲ့ သတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဆောင်ဂျွန်ကီ ကွာရှင်းလိုက်ကြောင်းကြေညာလိုက်တဲ့ ဖြစ်ရပ်အပြီးမှာ ပဲ “Arthdal Chronicles”  ရဲ့ ကြည့်ရှုနှုန်းတွေက ကျဆင်းသွားခဲ့တာပါ။ ဆောင်းဟေကိုက သတင်းစာရှင်လင်းပွဲ လု ပ်ပြီး ကွာရှင်းတဲ့ အကြောင်းကို မျက်ရည်တွေနဲ့ ကြေညာတယ်ဆိုတဲ့ ကောလာဟာလ သတင်းတွေနဲ့ ဆောင်ဂျွန် ကီ ဖောက်ပြန်နေတယ်ဆိုတဲ့ သတင်းမှားတွေ က “Arthdal Chronicles”  ရဲ့ ကြည့်ရှုနှုန်းကို ရိုက်ခတ်သွားပုံ ရပါတယ်။

Image :tvN screenshot
Image :tvN screenshot
Image :tvN screenshot

ဆောင်ဂျွန်ကီ ကွာရှင်းတော့မယ်ဆိုတဲ့ ကြေညာချက်ကြောင့် “Arthdal Chronicles” ရဲ့ ပြသမှုကို ထိခိုက်မှု ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး tvN က ဘက်ကနေ အတိအလင်းကြေညာထားပါတယ်။ ‘Arthdal Chronicles’ ထုတ်လွှင့် ပြသမယ့် အစီအစဉ် အပြောင်းအလဲ မရှိဘူးလို့ tvN ရဲ့ ကိုယ်စားလှယ်တစ်ယောက် ပြော ခဲ့ပါတယ်။ ရိုက်ကူးရေး တွေ က လည်း အကုန်လုံးပြီးခဲ့ပြီဖြစ်ကြောင်း၊ ‘Part 2’ ထုတ်လွှင့်ပြသဖို့ ကိုလည်း စတင်လုပ် ဆောင် နေပြီ လို့ ပြော ခဲ့ပါ တယ်။ထုတ်လွှင့်ပြသမှုတွေကိုတော့ ဘာအဟန့်အတားမှ မရှိပဲ ဆက်လုပ်သွားမယ်လို့ ပြော ခဲ့ပါတယ်။ Part 2 ပြ ဖို့ နှစ် ပတ်လောက်သာ လိုတော့တယ်လို့ လည်း tvN ဘက်က ပြောခဲ့ပါတယ်။ Part 3 ပြမယ့် အချိန်ကတော့ အခုထိ သေချာ မသတ်မှတ်ရသေးပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ပြသမယ့် schedule ကိုတော့ ဆောင်ဂျွန်ကီရဲ့ ပုဂ္ဂိုလ် ရေး ကိစ္စ ကြောင့် ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ tvN ဘက်ကနေ ပြတ်ပြတ်သားသား တရားဝင် ပြောခဲ့ပါတယ်။

Image :tvN screenshot
Image :tvN screenshot
Image :tvN screenshot

ဒါပေမယ့်လည်း ဇွန် (၂၉)ရက်နေ့က ပြသမှုမှာတော့ ကြည့်ရှုနှုန်းက သိသိသာသာကျသွားခဲ့ပါတယ်။ Nielsen Korea ရဲ့ ဖော်ပြချက်အရ အရင်တုန်းက ဆိုရင် ပျှမ်းမျှ ( 6.5%) ကနေ (၂၉)ရက်နေ့က (5.8%) အထိကျသွားခဲ့တယ်လို့ ဆိုပါတယ်။ အခုလိုကြည့်ရှုနှုန်းကျတာဟာ ဆောင်ဂျွန်ကီရဲ့ ပုဂ္ဂိုလ်ရေးကိစ္စနဲ့ ပတ်သက်မယ်လို့ အားလုံးက တော့ ယုံကြ ည်နေကြပါတယ်။ “Arthdal Chronicles”  ဟာ အမေရိကန်ဒေါ်လာ သန်း (၄၀) ကျော် လောက် အကုန်အ ကျ ခံပြီး ရိုက်ကူးထားရတာပါ။ စတင်ပြသတဲ့ အချိန်ကနေ ဆောင်ဂျွန်ကီ ကွာရှင်းတော့မယ်လို့ မကြေညာခင်အချိန်ထိ ကြည့်ရှုနှုန်း ကောင်းကောင်းရထားတဲ့ ဇာတ်လမ်းတွဲ တစ်ခုပါ။

Image :tvN screenshot
Image :tvN screenshot
Image :tvN screenshot

#CELENOW