Ariana Grande ကတော့ သူမရဲ့ ချစ်သူကောင်လေး Pete Davidson နဲ့ စေ့စပ်လိုင်ပြီလို့ သတင်းတွေ ထွက် ပေါ် နေပါတယ်။သူမကိုယ်တိုင်လည်း ဆိုရှယ်မီဒီယာ Snap မှာ ချစ်သူနဲ့ အတူရှိနေတဲ့ ပုံတွေကို တင်ထားပါတယ်။US Magazine ကတော့ သူတို့နှစ်ဦးစေ့စပ်လိုက်ကြပြီလို့ အတိအကျ အသေအချာကို ပြောခဲ့တာပါ။သူတို့ နှစ်ယောက် အရမ်းကို လိုက်ဖက်ပါတယ်.လက်ထပ်ဖို့ကိုတော့ နှစ်ယောက်လုံးက မလောကြပါဘူး” လို့ အမည်မဖော်လိုတဲ့ Sour ce တစ်ခုကနေ ပြောပါတယ်။သူတို့နှစ်ဦးရဲ့ သူငယ်ချင်းမိတ်ဆွေတွေကလည်း အရမ်းကို စိတ်လှုပ်ရှား နေကြတယ်လို့ သိရပါတယ်။

mirror

People ရဲ့ ဖော်ပြချက်မှာတော့ မကြာသေးမီက စေ့စပ်လိုက်ကြောင်း၊သူတို့နှစ်ဦးဟာ အချစ်ကို မြန်မြန်ဆန်ဆန် ရှာတွေ့ခဲ့သလို အချိန်တိုင်းလည်း တစ်ဦးတစ်ဦး အပြန်အလှန်ပျော်ရွှင်အောင်လုပ်ပေးကြတယ်။ဒီအကြောင်းကို လွန်ခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတည်းက သူတို့တွေ စပြီးပြောနေခဲ့ကြတာဖြစ်ပြီး ဖုံးကွယ်ထားတာမရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။ Ariana ကတော့ သူတို့ရဲ့စေ့စပ်သတင်းကို “I love u sm. Ok bye (sic).” ဆိုပြီး တွစ်တာပေါ်မှာ ရေးလိုက်ရင်း အတည်ပြုလိုက်ပုံရပါတယ်။Ariana ရော သူမရဲ့ ချစ်သူ Pete ကပါ စေ့စပ်ကြောင်း တရားဝင် Official တော့ ထုတ် မပြောသေးပေမယ့် နှစ်ယောက်လုံးကတော့ သူတို့ရဲ့ Relationship နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ မကြာခဏ တင်လေ့ရှိပါတယ်။Pete က သူတို့ရဲ့ Relationship အကြောင်းကို သူ့ရဲ့ အကောင့်မှာ ပြီးခဲ့တဲ့လက Official အသိပေး ခဲ့ပါတယ်။Ariana ကလည်း သူမရဲ့ ပါးကို Pete  က အနမ်းခြွေနေတဲ့ ပုံကို တင်ခဲ့ပါသေးတယ်။

snap ပုံနဲ့ အတူ Ariana က  Pete တစ်ယောက်သူမဘ၀ထဲရောက်နေကြောင်းကို ဖော်ပြလိုက်ပုံရပါတယ်။” ရှင်က ကျမဘ၀ထဲ ရောက်နေပြီလို့ ထင်တယ်..ကျမစိတ်ထဲကို ကြည့်လိုက်ပါ..” ဆိုပြီး ရေးထားပါတယ်။သူတို့နှစ်ယောက်လုံး ရဲ့ အသက်ကတော့ (၂၄)နှစ်ပါ။Harry Potter World မှာ နှစ်ယောက်သား ဒိတ်လုပ်ခဲ့တဲ့ ပုံကို Pete  က တင်ထားပြီး..”The chamber of secrets has been opened …”ဆိုပြီး ရေးထားပါတယ်။

Ariana Grande နဲ့  Pete Davidson  တို့ဟာ (၂၀၁၆) မတ်လတုန်းက ဆုံခဲ့ကြတာပါ။Ariana Grande က Saturday Night Live မှာ ဧည့်သည်အဖြစ် ပါဝင်ပေးရင်းဆုံခဲ့ကြတာပါ ။ (၂၀၁၈) မေလ (၁၀) ရက်နေ့ မှာတော့ Ariana  က နှစ်နှစ်ကြာလက်တွဲခဲ့တဲ့ ချစ်သူ Mac Mille နဲ့ လမ်းခွဲကြောင်းကြေညာခဲ့ပါတယ်။

mirror

(၂၀၁၈) မေလ (၁၂) ရက်နေ့ မှာတော့ : Ariana နဲ့ Pete   တို့ နှစ်ယောက် Saturday Night Live after-party မှာ အတူတွဲ သွားလာ နေတဲ့ ပုံတွေ ထွက်လာခဲ့ပါတယ်။(၂၀၁၈) မေလ (၁၆) မှာတော့ Pete က သူ့ ချစ်သူ Cazzie David နဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။မေ(၂၀) မှာတော့ Ariana Grande နဲ့  Pete Davidson တို့ ဟာ Billboard Music Awards ပွဲမှာ အရမ်းကို ရင်းနှီးနေကြတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေတာကို အားလုံးက ရိပ်မိခဲ့ပြီး (၂၁) မှာတော့ နှစ်ယောက်သားတွဲနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။တွဲလာတာ သီတင်းပတ် အနည်းငယ် လာက်ပဲ ရှိသေးတဲ့  သူတို့ နှစ်ဦး စေ့စပ်လိုက်ကြပြီဆိုပြီး မီဒီယာတွေမှာ ဖော်ပြခဲ့ကြတာပါ။

mirror

Source themirror