အမေရိကန်နိုင်ငံရဲ့ နာမည်ကျာ် အဆိုတော်မလေး Ariana Grande ကိုတော့ တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ မကြာခဏဆိုသလို Grammy ဆုပေးပွဲတွေမှာ ဆုတွေရလိုက်၊ Billboard ဇယားမှာဆိုလည်း မကြာခဏ အဆင့် ၁ ကနေ ၁၀ အတွင်း အမြဲလိုလို ဝင်နေတဲ့ Ariana Grande ဟာ အသက်ငယ်ငယ်နဲ့ တော်တော်လေးကို အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော် ကောင်မလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ မကြာသေးခင်အချိန်တုန်းကလည်း Ariana နဲ့ Justin Bieber တို့ရဲ့ Yummy သီချင်းအပြင် Lady Gaga နဲ့ နှစ်ယောက်အတူတူ collaboration ထွက်ရှိခဲ့တဲ့ Rain On Me သီချင်းတွေဟာဆိုရင်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို တော်တော်လေး ရရှိခဲ့တဲ့ သီချင်း ၂ ပုဒ်ပဲ ဖြစ်ပါတယ်။

အခုလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှ ထွက်ရှိခဲ့တဲ့ Ariana ရဲ့ Positions သီချင်းဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေးကို ခေတ်စားနေပြီး သူမပရိသတ်တွေရဲ့ အားပေးမှုကို တော်တော်လေး ရရှိခဲ့ပါတယ်။ လက်ရှိအထိတော့ Youtube မှာ ကြည့်ရှု့သူ သန်း ၃၀ နီးပါးအထိ ရရှိထားပြီး အောက်တိုဘာလ ၃၀ ရက်နေ့မှာ အသစ်ထွက်ရှိမယ့် Ariana ရဲ့ ၆ ချပ်မြောက် အယ်လ်ဘမ်ထဲမှာ ပါဝင်လာမယ့် သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

ဒီသီချင်းရဲ့ စာသားတော်တော်များများကတော့ Woman power တွေကို ရည်ညွှန်းထားတဲ့ စာသားတွေဖြစ်ပြီး အမျိုးသမီးတစ်ယောက်သာ သမ္မတ ဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံရေးကိစ္စတွေမှာကော၊ မီးဖိုချောင်ကိစ္စတွေမှာသာမက ခုတင်ပေါ်က ကိစ္စတွေမှာပါ ဘယ်တာဝန်မှ မလစ်ဟင်းအောင် စွမ်းဆောင်နိုင်တဲ့ အကြောင်းကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။ MTV အစမှာကတည်းက Ariana ဟာ အိမ်ဖြူတော်ရှိ Oval office ထဲမှာ နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်ရှုပ်ပြီး အစည်းအဝေးကျင်းပနေတဲ့ပုံစံနဲ့ အစပြုထားတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သီချင်းစာသားတွေနဲ့ MTV ရိုက်ထားတဲ့ ပုံစံလေးကတော့ တော်တော်လေး cool ဖြစ်ပြီး အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှု၊ တာဝန်ယူမှု၊ တာဝတ်ခံမှုတွေကို ဖော်ပြထားတဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

 

 

View this post on Instagram

 

liz took this on facetime

A post shared by Ariana Grande (@arianagrande) on

Pyi Hein Kyaw