ထိုင်းဇာတ်ကားတွေကို နှစ်သက်အားပေးတဲ့ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့  ထိုင်းမင်းသမီး တစ်ယောက်ရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ သူမရဲ့ နာမည်ကတော့ Ann Thongp rasom ပါ။သူမကတော့ မင်းသမီး၊မော်ဒယ်၊ပရိုဂျူဆာ၊TV Host  တစ်ယောက်ပါ။ အသက်(၄၀) ကျော်ပေမယ့် အခုထိ နုပျိုလှပပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူပါ။

Ann Thongprasom ကိုတော့ (၁၉၇၆)ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး အသက်ကတော့ (၄၁)နှစ်ပါ။ (၂၀၀၀)ခုနှစ်ဝန်းကျင်လောက်က ထိုင်းဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်ခဲ့သူပါ။ Anne ကထိုင်းလူမျိုးအစစ်တော့ မဟုတ်ပါဘူး။ မိခင်က ထိုင်း၊ အဖေက ဆွီဒင် ဖြစ်ပြီး ထိုင်း- ဆွီဒင် ကပြားမလေးပါ။ အသက်(၁၃)နှစ်တည်းက MV တစ်ခုမှာ ပါဝင်ရင်းနဲ့ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့တာပါ။

အဲ့ဒီလိုနဲ့ပဲ ထိုင်းရုပ်ရှင်၊ဇာတ်လမ်းတွဲ တွေ မှာ ပါဝင်ဖြစ်ခဲ့တာပါ။ The Letter: Jod Mai Rak (၂၀၀၄)ဇာတ်ကားကတော့ သူမကို အကြီးအကျယ်အောင်မြင်မှု ရစေခဲ့တဲ့ ဇာတ်ကားပါ။ အဲ့ဒီဇာတ် ကားကနေ ၀င်ငွေ ထိုင်းဘတ်ငွေ သန်း (၅၀)ကျော်လောက်အထိ ရခဲ့ပါတယ်။ Anne ကတော့ ဆုတွေ အများကြီး ရခဲ့ပါတယ်။ Thail and National Film Association Awards မှာ အကောင်းဆုံးမင်းသမီးဆု ရခဲ့ပါတယ်။ Anne ဟာ 5 Star Fan Club ရဲ့ အဖွဲ့ဝင် တစ်ဦး လည်းဖြစ်ပါတယ်။ ဘန်ကောက်မှာပဲ မွေးတာပါ။ မွေးချင်းသုံးယောက်၊ အစ်ကိုတစ်ယောက်နဲ့ မောင်တစ်ယောက်ရှိပါ တယ်။

အသက်ကြီးပေမယ့် အမိုက်စား Body ကို အခုထိ ပိုင်ဆိုင်ထားတဲ့ သူမရဲ့ အရပ်အမြင့်ကတော့ (163cm)၊ ကိုယ်အလေးချိန်ကတော့ ( 45 kg) ပါ။ချစ်သူရှိပါတယ်။ Tinnabhan Tantinira ndr နဲ့တွဲနေပါတယ်။ (၂၀၁၅)တုန်းက သတင်းတစ်ခုမှာ သူတို့နှစ်ယောက်တွဲလာတာ (၁၀) နှစ် လောက်ရှိပြီလို့ ဖော်ပြခဲ့ဖူးပါတယ်။

သူမရဲ့ အခင်ဆုံးသူငယ်ချင်းကတော့ အဆိုတော် Nat Myria Benedetti ပါ။ Pa-toong (ထိုင်း၊ လာအို စကပ်) နဲ့ အရုပ်လေးတွေ စုရတာ ၀ါသနာပါပါတယ်။ သူကြိုက်တဲ့ အမျိုးသားပုံစံကတော့  သူမနဲ့ စကားပြောလို့ကောင်းတဲ့သူ၊ နားလည်ပေးတဲ့သူ၊ သူမ လုပ်တဲ့ အမှားသေးသေးလေးတွေက အစ လိုက်ပြီးခွင့်လွှတ်နားလည်ပေးတဲ့ သူမျိုးကို ကြိုက်တယ်လို့ ဆိုပါတယ်။TV shows တွေကို ထုတ်လုပ်ချင်တာကတော့ သူမရဲ့ အနာဂါတ်ရည်မှန်းချက်လို့ သိရပါတယ်။

Source wiki