ဟောလိဝုဒ်မင်းသမီး Ana De Armas က တော့  James Bond series, No Time To Die ဇာတ်ကားမှာ ပါဝင် သရုပ် ဆောင်ထားသူပါ။ကိုဗစ် ကပ်ရောဂါ ကြောင့် နှောင့် နှေး ကြန့်ကြာမှုတွေ နဲ့ ကြုံ နေရ တာ ဟာ Ana De Armas အတွက် တော့ စိန်ခေါ် မှုကြီး တစ်ခုပါ။သူမက တော့ အချိန် အနည်းငယ်လေး အတွင်းမှာတင်ပဲ အောင်မြင်မှု ရခဲ့ပြီး A-List စာရင်းဝင် မင်းသမီး နေရာကို ရောက်လာခဲ့ပါတယ်။ Ana က တော့ လက်တ လောမှာ Ben Affleck နဲ့ တွဲနေပါပြီ။ကျူးဘားမှာေ မွးတဲ့ မင်းသမီးချောလေး Ana De Armas က တော့ ဒေါ်လာ (၄)သန်း လောက် ချမ်းသာ ကြွယ်ဝ သူပါ။ဒီအ ကြောင်းကိုတော့ thethings မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

#nexosmagazine ♥️💜 April 2020

A post shared by A N A D E A R M A S (@ana_d_armas) on

 

View this post on Instagram

 

💕

A post shared by A N A D E A R M A S (@ana_d_armas) on

Ana de Armas က တော့ လက်ရှိ မှာ ချစ်သူ Ben Affleck နဲ့ အတူ နေထိုင် နေပေမယ့် အရင် တုန်း က တော့ မိဘ တွေနဲ့ ခွဲပြီး နိုင်ငံ ရပ် ခြား မှာ တစ်ယောက်တည်း နေပြီး သူမရဲ့ အချိန် တွေကို ကုန် လွန်ခဲ့ရသူပါ။ကျူးဘားမှာတော့ အိမ်တစ်လုံး ပိုင်ဆိုင်ထားပြီး သူမကိုယ်တိုင် လည်း မိဘ တွေနဲ့ သူငယ်ချင်းတွေ ရှိရာ ကျူးဘား ကို မကြာခဏအ လည် သွားလေ့ရှိပါတယ်။အင်တာ နက် တောင် ကောင်းကောင်း မရ တဲ့ေ နရာ မှာ မွေးဖွား ကြီး ပြင်း လာခဲရ ပေမယ့်လည်း သူမ ငယ်ငယ်လေးတည်းက သရုပ်ဆောင် ဖြစ်ချင် လာခဲ့တာပါ။အသက် (၁၄)နှစ်သမီး မှာတော့ ကျူးဘားက ရုပ်ရှင် အဖွဲ့ တစ်ဖွဲ့ ထဲ ကို ၀င်ခဲ့ပါတယ်။ကျောင်းသား ရုပ်ရှင်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။အသက် (၁၈)နှစ်မှာတော့  သမုဒ္ဒရာ တစ်ဖက်ခြမ်းမှာ ရှိတဲ့ စပိန် နိုင်ငံ Madrid ကို သွားဖို့ ပိုက် ဆံ အလုံ အလောက် စုဆောင်းနိုင်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by A N A D E A R M A S (@ana_d_armas) on

စပိန်ကို ရောက်တဲ့ အချိန် မှာတော့ စပိန် ဇာတ်ကားတွေ မှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ အပြင် TV Show တွေ ဖြစ်တဲ့ The Boarding School ၊ Hispania, la leyenda တို့ မှာ ပါဝင် ခဲ့ပါတယ်။ဟောလိဝုဒ်ကိုတော့ (၂၀၁၄)မှာ ပြောင်းရွှေ့ လာခဲ့တာပါ။သူမ အတွက် အခက်အခဲ ဆုံး အရာ က တော့ ဘာသာ စကား ပြဿနာပါ။ (၄)လလောက် တစ်ခြားဘာ အလုပ်မှ မလုပ်ဘဲ အင်္ဂလိပ် စကားကို အချိန် ပြည့် သင်ယူ လေ့လာ ခဲ့ရပါတယ်။လူရွေးပွဲ တစ်ချို့ကို ၀င် ရောက် ယှဉ်ပြိုင် ခဲ့ ပြီး နောက် ဆုံးမှာတော့ Keanu Reeves ခေါင်းဆောင် တဲ့ Knock Knock ဇာတ်ကားမှာ ပါဝင် ခွင့် ရခဲ့ပါတယ်။

 

View this post on Instagram

 

The kids are gone… now it’s our time! // Los niños se fueron… ahora nos toca a nosotras! 🥳💕

A post shared by A N A D E A R M A S (@ana_d_armas) on

Knock Knock ဇာတ်ကားအပြီးမှာတော့ ရုပ်ရှင်ဇာတ်ကား တစ်ချို့ မှာ ၀င် ရောက် သရုပ်ဆောင် ခဲ့ပါတယ်။ဒီလို သရုပ်ဆောင် လာရင်းနဲ့ ပဲ War Dogs ဇာတ်ကားမှာ ပါဝင် ခွင့် ရခဲ့ပါတယ်။ဒီဇာတ်ကားက တော့ သူမ အတွက်အောင်မြင်မှုလမ်း ကြောင်းပေါ် ကို အသေချာ တွန်းတင် ပေးနိုင်ခဲ့တဲ့ ဇာတ်ကား တစ်ကား ဖြစ်ခဲ့ပါတယ်။သူမရဲ့ သရုပ်ဆောင် ချက်တွေကို အားလုံးက ၀ိုင်းပြီး ချီးကျူး ခဲ့ ကြပါတယ်။နောက်ထပ် Blade Runner 2049 ဇာတ်ကား မှာ ပါဝင် ခွင့် ရခဲ့ပါတယ်။ဒီဇာတ်ကားက တော့ box-office မှာ ဒေါ်လာ (၂၅၉)သန်း ၀င် ငွေ ရခဲ့တဲ့ ဇာတ်ကားပါ။

 

View this post on Instagram

 

@knivesout world premiere at #TIFF ! 💣✨

A post shared by A N A D E A R M A S (@ana_d_armas) on

Knives Out ဇာတ်ကား မှာလည်း ပါဝင် ခဲ့ပြီး ဒီဇာတ်ကားက သူမကို နာမည်ကြီး စေခဲ့တဲ့ ဇာတ်ကား ဖြစ်ပြီး  အကောင်းဆုံး မင်းသမီး ဆု အတွက် Golden Globe nomination စာ ရင်း မှာပါ ပါဝင် လာတဲ့ အဆင့်ထိ ရောက်လာခဲ့ပါတယ်။သူမရဲ့ ဒီလို အောင်မြင်မှုတွေ ကြောင့်ပဲ No Time To Die ရဲ့ ဒါရိုက်တာ Cary Joji Fukunaga ရဲ့ မျက်စိ ကျခြင်းကို ခံခဲ့ရပါတယ်။သူမကိုတော့ No Time To Die ဇာတ်ကားမှာ ပါဝင် သရုပ်ေ ဆာင် ပေးဖို့ ကမ်းလှမ်း ခဲ့ပါတယ်။

 

View this post on Instagram

 

🖤

A post shared by A N A D E A R M A S (@ana_d_armas) on

အစတုန်းက တော့ Bond girl ဖြစ်ရမှာကို တုံ့ဆိုင်း တွေ ဝေ ခဲ့ ပေမယ့် လည်း နောက်ပိုင်းမှာတော့ ဒီ အခွင့်အ ရေးကို လက်ခံ ခဲ့ပါတယ်။ No Time To Die က တော့ ကိုဗစ် အ နေ အထားကြောင့် ဘယ် တော့ ထွက် မလဲ ဆိုတာတော့ မ သေချာ သေး ပေမယ့် သေချာ တာ တစ်ခု ကေ တာ့ Ana က တော့ ဒီဇာတ်ကား ကြောင့် ၀င်ငွေ တွေ တိုးပွားလာခဲ့ပါတယ်။

 

View this post on Instagram

 

P A L O M A ✨🍸💋 “No Time To Die”

A post shared by A N A D E A R M A S (@ana_d_armas) on


#CELENOW