Kpop Idol တွေရဲ့ အချစ်ရေးတွေနဲ့ ပတ်သက်တဲ့ အတင်းအဖျင်း ကောလာဟလတွေကတော ၂၀၁၈ နှစ်စကတည်းက ထွက်ခဲ့တာဖြစ်ပါတယ်။ ကောလာဟလဆိုတဲ့အတိုင်း မှန်တဲ့ သတင်းတွေလဲပါသလို မှားတဲ့ သတင်းတွေလည်း အများကြီးထွက်ပေါ်ခဲ့ပါတယ်။ အဲဒီသတင်းတွေထဲကမှ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုအများဆုံးရရှိခဲ့တဲ့ သတင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

1.BIGBANG ရဲ့G-Dragon နဲ့ Lee Jooyeon

သူတို့နှစ်ဦးကတော့ ၂၀၁၇ခုနှစ် နှစ်ကုန်ပိုင်းလောက်ကတည်းက တွဲနေတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပေမဲ့ နှစ်ယောက်စလုံးရဲ့ အနုပညာအေဂျင်စီတွေက ငြင်းခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ သူတို့နှစ်ယောက် အတူတူ ဂျယ်ဂျူကျွန်းကို ခရီးထွက်ခဲ့တဲ့ ဓါတ်ပုံတွေထွက်လာခဲ့ပြီးတဲ့နောက်မှာတော့ G-Dragon နဲ့ Lee Jooyeon တို့နှစ်ယောက် တွဲနေကြတယ်ဆိုတဲ့ သတင်းဟာ အမှန်တကယ်ဖြစ်နေတယ်ဆိုတာ ပရိသတ်တွေသိခဲ့ရပါတယ်။

2.T-ARAရဲ့ Hyomin နဲ့  မီဒီယာတစ်ခုရဲ့ CEO

T-ara ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Hyomin ကတော့ မီဒီယာတစ်ခုရဲ့ CEO ရဲ့ တွဲနေတယ်ဆိုပြီး သတင်းထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း Hyomin နဲ့ သိကျွမ်းတဲ့ သတင်းအရင်းအမြစ်တစ်ခုကနေ Hyomin ဟာ မီဒီယာတစ်ခုရဲ့ CEOနဲ့  တွဲနေတယ်ဆိုတဲ့ သတင်းက မမှန်ပါဘူးလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

3.Gong Yooနဲ့ Jung Yoo Mi

အင်တာနက်အသုံးပြုသူတစ်ယောက်က Train to Busan ရုပ်ရှင်ကားမှာ ပါဝင်တဲ့ သူတို့နှစ်ယောက်ဟာ Shilla ဟိုတယ်မှာ လက်ထပ်ကြတော့မယ်လို့ သတင်းဖြန့်ခဲ့ရာကနေ ဒီကောလာဟလက ထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ သူတို့နှစ်ဦးစလုံးရဲ့ အနုပညာအေဂျင်စီက ဒီသတင်းကို ငြင်းခဲ့ပြီး Gong Yoo နဲ့ Jung Yoo Mi တို့နှစ်ဦးဟာ မောင်နှမတွေလိုပါပဲလို့ ပြောခဲ့ပါတယ်။

4.Lee Joon နဲ့ Jung So Min

MBLAQ ရဲ့ အဖွဲ့ဝင်ဟောင်း Lee Joon နဲ့ Jun So Min တို့တော့ “My Father is Strange” ဇာတ်လမ်းတွဲထဲမှာ အတူတူ တွဲဖက်သရုပ်ဆောင်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်အစောပိုင်းမှာပဲ သူတို့ ချိန်းတွေနေတဲ့ ဓါတ်ပုံတွေထွက်လာပြီးနောက်မှာတော့ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်နေပြီဆိုတဲ့ သတင်းကို အတည်ပြုပေးခဲ့ပါတယ်။

5.F.T Islandရဲ့ Minhwan နဲ့ Yulhee

Laboum အဖွဲ့ဝင်ဟောင်း Yulhee နဲ့ F.T Island အဖွဲ့ဝင် Minhwan တို့ကတော့ သူတို့ ချစ်သူတွေဖြစ်နေကြပြီဆိုတာကို အင်တာနက်ပေါ်မှာ အတူတူဆယ်လ်ဖီရိုက်တင်ခဲ့ပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ချက်ချင်းပဲဓါတ်ပုံကို ပြန်ဖျက်သွားခဲ့ပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့မှာတော့  သူတို့နှစ်ဦးဟာ လက်ထပ်တော့မှာဖြစ်ပြီး ကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းလဲကို ပရိသတ်ကို ထုတ်ပြောခဲ့ပါတယ်။

Source: Koreaboo