မော်ဒယ် မင်းသား Ahn Jae Hyun နဲ့ မင်းသမီးချော Goo Hye Sun တို့ကတော့ တောင် ကိုရီးယားရဲ့ နာမည်ကြီး ဆယ်လီစုံတွဲ တစ်တွဲပါ။ Ahn-Goo မောင်နှံဆိုပြီး လူသိများပါတယ်။ Ahn-Goo မောင်နှံကတော့ ပရိသတ်တွေရှေ့ေ မှာက်ကို စုံတွဲလိုက် ထွက်ပေါ်လာခဲ့ပါတယ်။ ‘Uniqlo’ resort wear collection ပွဲသို့ တက်ရောက်ခဲ့တာပါ။

pinterest
pinterest
pinterest

ဒီပွဲကိုတော့ မေလ(၃၁)ရက်နေ့က ဆိုးလ်မြို့က Myeongdong မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဆယ်လီတွေ ဖက်ရှင် ကျကျ ၀တ်စားပြီး တက်ရောက်လာခဲ့ပါတယ်။ ပွဲတက်လာတဲ့ ဆယ်လီတွေထဲမှာ Ahn Jae Hyun နဲ့ Goo Hye Sun  တို့လည်း ပါဝင်ပါတယ်။ သူတို့နှစ်ဦးကတော့ ဓါတ်ပုံတွေလည်း ရိုက်ကူးခဲ့သလို တစ်ဦးအပေါ် တစ်ဦးထားတဲ့ အချစ်တွေ ဂရုစိုက်မှုတွေကိုလည်း ထုတ်ပြခဲ့တာတွေ့ရပါတယ်။ သူတို့(၂)ယောက်ဟာ Blood ဆိုတဲ့ ဒရမ်မာဇာတ်ကားမှာ အတူတွဲ သရုပ်ဆောင်ရင်း ချစ်ကြိုက်သွားခဲ့ကြတာပါ။ (၂၀၁၆) မေလမှာ လက်ထပ်ခဲ့တာပါ။ Ahn Jae Hyun ကတော့ အသက် (၃၀) ဖြစ်ပြီး Goo Hye Sun ကတော့ (၃၃) ဖြစ်တာကြောင့် သူတို့ စုံတွဲကလည်း  ဆယ်လီလောကရဲ့ “မနဲ့မောင်” စုံတွဲလေးပါ။

 

allkpop
allkpop
allkpop
allkpop
Source allkpop