နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ Ah Boy နဲ့ မော်ဒယ်ချောလေး မြတ်ရတနာကျော်တို့ကတော့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို အတူတည်ဆောက်နေကြတဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်ပါတယ်။ လတ်တလောမှာတော့ မြတ်ရတနာကျော်ဟာ Ah Boy ရဲ့ ဇနီးဟောင်း စင်ဒီထံကနေ သရက်သီးတွေ လက်ဆောင်ရခဲ့တယ်ဆိုတဲ့ အကြောင်းလေးကို သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီးတော့လည်း ပရိသတ်အချို့ရဲ့ ဝေဖန်ပြောဆိုမှုတွေကို ခံနေရတာဖြစ်ပါတယ်။ သိပ်မကြာခင်ကလည်း ဓါတ်ပုံတင်ဖို့အတွက်ပဲ ကလေးတွေကို ကောင်းပြနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ရခဲ့ပါသေးတယ်။

Ah Boy ကတော့ ဝေဖန်မှုတွေနဲ့ ပတ်သတ်ပြီး သူရဲ့ ဖေစ့်ဘုတ်ပေါ်မှာ အခုလိုပဲရေးပြီး ပြန်လည်တုံ့ပြန်ထားတာဖြစ်ပါတယ်။

မြတ်ရတနာကျော်နဲ့ စင်ဒီတို့နှစ်ဦးရဲ့ နွေးထွေးတဲ့ ဆက်ဆံရေးအပေါ် အချို့ကတော့ ဝေဖန်တိုက်ခိုက်ပြောဆိုကြပေမဲ့လည်း အချို့ကတော့ စိတ်သဘောထားပြည့်ဝတဲ့ သူတို့နှစ်ဦးကို ချီးကျူးနေကြပါတယ်။

Source: Myat Yadanar Kyaw , Ah Boy