ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ အနုပညာရှင်ဇနီးမောင်နှံနှစ်ဦး Ah Boy နဲ့ မြတ်ရတနာကျော်တို့ကတော့ မကြာခင်မှာ သူတို့ရဲ့ သမီးဦးရတနာလေးကို ဖွားမြင်တော့မှာဖြစ်ပါတယ်။ မြတ်ရတနာကျော်ကတော့ Ah Boy ရဲ့ အရင်အိမ်ထောင်က သမီးတွေနဲ့လည်း အဆင်ပြေအောင် လိုက်လျောညီအောင်နေတတ်လို့ ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Ah Boy ကတော့ လောကထဲကို မကြာခင်မှာရောက်လာတော့မယ့် သမီးလေးအတွက် အရမ်းကို ရင်ခုန်နေတဲ့ ပုံပါပဲ။ မကြာခင်မှာ သမီးသုံးယောက်ရှင်ဖြစ်တော့မယ့် Ah Boy ကတော့ သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ သမီးလေးနှစ်ယောက်နဲ့အတူ ပုံတင်ပြီး “ပစ္စည်း တစ်ခုခုဝယ်မယ်ဆိုရင် ဆင်တူ နှစ်ယောက်စာ ဝယ်ပေးရတယ်… များမကြာမှီတော့ ၃ ယောက်စာ… ကိုယ်တွေက ဘုရားစူး ရေမရောတဲ့ သမီးများရှင်စစ်စစ်ပါ။” လို့ရေးထားပါတယ်။

Ah Boy ကတော့ အရင်အိမ်ထောင်က သမီးတွေအတွက်လည်း လိုအပ်တာတွေ အကုန်ဖြည့်ဆည်းပေးနိုင်တဲ့ ဖခင်တစ်ယောက်ဖြစ်အောင်ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုလည်း မကြာခဏခံရလေ့ရှိသူ တစ်ဦးဖြစ်ပါတယ်။

Source: Ah Boy FAcebook