မကြာသေးခင်ကမှ လက်ထပ်ထားကြတဲ့ ပူပူနွေးနွေးစုံတွဲတစ်တွဲဖြစ်တဲ့ Ah Boy နဲ့ မြတ်ရတနာကျော်တို့ကတော့ ပရိသတ်တွေ အားကျဖွယ်ရာ အရမ်းကို ချစ်ကြတဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။

ဇန်နဝါရီလ (၁၄) ရက်နေ့မှာ ကျရောက်တဲ့ Ah Boy ရဲ့ မွေးနေ့မှာလည်း သူရဲ့ ချစ်ဇနီး မြတ်ရတနာကျော်က မွေးနေ့အတွက် စပရိုက်လုပ်ပေးခဲ့ပါသေးတယ်။ မွေးနေ့ရောက်ခါနီး ည(၁၂)နာရီ အလိုမှာ အတင်းခေါ်နှိးပြီး အကြီးအကျယ် မွေးနေ့စပရိုက်လုပ်ပေးသွားတယ်လို့ ဆိုပါတယ်။

Ah Boy က ဒီအတွက် သူအရမ်းပျော်နေတဲ့ အကြောင်းကို ဖေစ့်ဘုတ်မှာ တင်ထားတာဖြစ်ပါတယ်။ Ah Boy ဟာ ဇန်နဝါရီ (၁၄)ရက်နေ့မှာ အသက် (၃၂) ပြည့်သွားတာ ဖြစ်ပြီး၊ မွေးနေ့ပွဲမှာ ချစ်ရသူ ဇနီးချောလေးနဲ့အတူ ကျော်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

Source: Kyaw Phyo Tun