အသက် ၃၂နှစ်အရွယ် Grammy ဆုရ အဆိုတော် Adele ဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက Saturday Night Live အစီအစဉ်မှာ အစီအစဉ်တင်ဆက်သူအဖြစ် ပထမဆုံးပါဝင်ခဲ့ကြောင်း people သတင်းစာမျက်နှာအရသိရပါတယ်။ သူမဟာ ၂၀၁၅ခုနှစ်တုန်းက ပေါက်ခဲ့တဲ့ သူမရဲ့သီချင်း Hello ထဲက သီချင်းစာသားဖြစ်တဲ့ Hello, it’s me ဆိုပြီးတော့ ပရိသတ်တွေကိုစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

 

View this post on Instagram

 

Adele is here!

A post shared by Saturday Night Live (@nbcsnl) on

ထို့နောက်မှာတော့ Adele က ဒီအစီအစဉ်ထဲပါဝင်ခွင့်ရတဲ့အတွက် အရမ်းစိတ်လှုပ်ရှားမိတဲ့အကြောင်း ဆိုပါတယ်။ သူမဟာလည်း Saturday Night Live အစီအစဉ်ကိုအမှန်တကယ်နှစ်သက်တဲ့သူတစ်ဦး ဖြစ်တဲ့အပြင် ပြီးခဲ့တဲ့၁၂နှစ်တုန်းကလည်း သူ့အနုပညာကို အမေရိကန်မှာလူသိများစေခဲ့တာ ဒီအစီအစဉ်ကြောင့်ဆိုပြီး ပြောသွားပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့နိုင်ငံရေးကိုတော့ သူမဟာ ဗြိတိန်လူမျိုးဖြစ်တဲ့အတွက် ဘာမှမပြောချင်ဘူးလို့ဆိုခဲ့ပါတယ်။

 

View this post on Instagram

 

Your host for tomorrow night: Adele!

A post shared by Saturday Night Live (@nbcsnl) on

ဒါ့အပြင် Adele က အစီအစဉ်အနေနဲ့ သူမကိုဧည့်သည်တော်အဖြစ် မဖိတ်ဘဲ အစီအစဉ်တင်ဆက်သူအဖြစ် ဘာကြောင့်ဖိတ်ရလဲဆိုတာကိုပါ ရှင်းပြခဲ့ပါတယ်။ “ကျွန်မက တင်ဆက်သူအဖြစ် ပါဝင်လာလို့ ကျွန်မအကြောင်း အမျိုးမျိုးပြောကြမှာပါ။ ဒါပေမဲ့ ကျွန်မမှာအကြောင်းရင်းနည်းနည်းရှိပါတယ်။ ကျွန်မရဲ့သီချင်းအယ်လ်ဘ်က မပြီးသေးပါဘူး။ ဒါကြောင့် အလုပ်နှစ်ခုစလုံးလုပ်ဖို့တော့ ကြောက်နေတယ်။ ဆံပင်တုပေးဘာလေးစွပ်ချင်လည်း စွပ်ဦးမှာပေါ့။ ဒါပေမဲ့ ဒီဆံပင်ကတော့ အစစ်နော်။” လို့ဆိုကာ သူ့ဆံပင်ရှည်ကိုသပ်ရင်း ပြောလိုက်ပါသေးတယ်။

ဒါ့အပြင် ကလေးတစ်ယောက်မိခင်ဖြစ်တဲ့ Adele က သူမရဲ့ဝိတ်ချတဲ့အကြောင်းနဲ့ ပတ်သက်ပြီး အခုလို အရွှန်းဖောက်ခဲ့ပါသေးတယ်။ “ကျွန်မက အရင်တုန်းက ရှင်တို့မြင်ခဲ့တာနဲ့ အရမ်းကြီးကွာခြားသွားတာသိပါတယ်။ တကယ်တော့ ဒါ Covid-19 ကြောင့်ပါ။ ခရီးတွေလည်းမသွားရ၊ တခြားတားမြစ်ချက်တွေလည်းရှိတော့ ပေါ့ပေါ့ပါးပါးပဲသွားနိုင်တော့တယ်။ ဒါကြောင့် ကျွန်မရဲ့ခန္ဓာကိုယ်တစ်ဝက်ကိုပဲ သယ်လာနိုင်တော့တယ်။ ဒါ ကျွန်မခေါ်လာတဲ့ ခန္ဓာကိုယ်တစ်ဝက်ပါ။” ဆိုပြီး ပရိတ်သတ်တွေရှေ့အလေးမပြုခင် ပြောခဲ့ပါသေးတယ်။

CeleNow